အနန္တောအနန္တငါးပါး
(အနန္တော အနန္တငါးပါး မှ ပြန်ညွှန်းထားသည်)
အနန္တဂုဏ်ရှင် ၅-ပါး။ အနန္တော အနန္တ ငါးပါး ငါးပါးလည်းဟူ၏။ ပညာရှိသူတော်ကောင်းတို့ ပညတ်ထားရှိခဲ့သော အနန္တကျေးဇူးဂုဏ်ရှင်ငါးပါး။
- (၁) ဗုဒ္ဓ - ဘုရားရှင်ကိုယ်တော်မြတ်၊
- (၂)ဓမ္မ - ဘုရားရှင်၏တရားတော်များနှင့်အခြားယဉ်ကျေးမှုတရားစုဟူသမျှ၊
- (၃) သံဃ - ရဟန်းတော်များ၊
- (၄) မာတာပိတု - မွေးသမိခင် မွေးသဖခင် မိခင်ဖခင်နှင့်အလားတူကျေးဇူးပြုသူ၊
- (၅) အာစရိယ - အတတ်ပညာပေးသူ၊ ဆိုဆုံးမသူ ဆရာ။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း