(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင်၏ အလေ့အကျက်မဟုတ်သည်ကို ဘုရားရှင်၏ အလေ့အကျက်ဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများ အစီး အပွားမဲ့ရန်၊ နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။

သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွား စေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] တထာဂတအနာစိဏ္ဏကို တထာဂတအနာစိဏ္ဏဟု ပြ (ပြောဟော, ရေးသား သင်ကြား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများ ကြီးပွား ချမ်းသာရန် နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤ သာသနာတော်ကိုလည်း ကြာရှည်လေးမြင့်တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ အံ၊ဋ္ဌ၊၁၊၆၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဝဂ္ဂ၊ ဧကူနစတ္တာလီသမသုတ်။
  2. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ။ ၁၁-အဓမ္မဝဂ္ဂ၊ သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ