အနာရှိသည့်နေရာကို တုတ်ဖြင့် အရိုက်ခံရလျှင် မခံမရပ်နိုင်အောင် နာကျင်သကဲ့သို့ လိပ်ပြာမလုံဖြစ်နေသည့် အားနည်းချွတ်ယွင်းချက်ကို ထုတ်ဖော် ထိပါးပြောဆိုခံရလျှင် ဆတ်ဆတ်ခါအောင် နာသည်။

"အမှန်အတိုင်း ပြောခြင်းဖြစ်သော်လည်း အနာပေါ် တုတ်ကျ၍ မခံသာသော စကားမျှသာ ဖြစ်လေသည်။"