အနာဟဋသိက္ခာပုဒ်
အနာဟဋသိက္ခာပုဒ် (ကဗဠဝဂ်)
ခံတွင်းအဝကို ဖွင့်မှု
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ခံတွင်းအဝ (ပါးစပ်ပေါက်) အနီး အပါးသို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းအဝကို ဟ၍ ထားနှင့်ကြကုန်၏၊ ထိုအပြုအမူသည် ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်...[၁]
“န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
ပြင်ဆင်ရန်ခံတွင်းပေါက်သို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းပေါက်ကို ဖွင့်၍(ဟ၍)မထားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။