[၁] ကျောင်းထိုင်ရဟန်းတော်သည် (၁) မွန်မြတ်သော ငါးပါးသီလ၌ တည်စေခြင်း၊ (၂) သစ္စာလေးပါး တရားသိမြင်စေမှု၌ တည်စေခြင်း၊ (၃) မကျန်းမမာသူတို့အား အမြတ်ဆုံး ရတနာသုံးပါး၌ အောက်မေ့မှု “သတိ”ကို ဖြစ်စေခြင်း၊ (၄) နယ်ပယ်အသီး သီးမှ ရဟန်းတော်များ ကြွလာသည့်အခါ လူတို့အား လှူဒါန်းမှုပြုရန် တိုက်တွန်းခြင်း၊ (၅) ယုတ်ညံ့သည်ဖြစ်စေ, မွန်မြတ်သည်ဖြစ်စေ ပေးလှူသမျှသော ဘောဇဉ်တို့ကို ကိုယ်တိုင်ဘုဉ်းပေးခြင်း၊ သဒ္ဓါဆွမ်းကို မဖျက်ဆီးခြင်း-ဟူသော တရားငါးပါးတို့ဖြင့် လူတို့အား သနားစောင့်ရှောက် ချီးမြှောက်၏-ဟု ကျောင်းထိုင်ရဟန်းတော်နှင့် ဒကာ, ဒကာမတို့ ဆက်ဆံရေး (အခြေအနေ)ကို ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၃၀။ အံ၊မြန်၊၂၊၂၉၃။ အံ၊ဋ္ဌ၊၃၊၈၃။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၄)၄-အာဝါသိကဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ