အနုပ်စုတ်ကုပ်စုတ် သူကြွယ် (ရုပ်ရှင်)
အနုပ်စုတ်ကုပ်စုတ်သူကြွယ် (အင်္ဂလိပ်: Slumdog Millionaire) သည် ၂၀၀၈ ခုထွက် ဗြိတိန်−အိန္ဒိယ ဖက်စပ်ရိုက် အချစ်ဇာတ်လမ်းဖြစ်ပြီး အိန္ဒိယ စာရေးဆရာ ဗီကတ် ဆွာရပ်ရေးသည့် အမေးအဖြေ ဝတ္ထုကို ခပ်ပါးပါး မှီးငြမ်းထားသည်။ မွမ်ဘိုင်းရှိ ဂျူဟူ ကျူးကျော်ရပ်နေ အသက် (၁၈) နှစ်အရွယ် ဂျမား မာလစ်၏ ဘဝကို အမေးအဖြေများမှ ပြောပြသွားခြင်း ဖြစ်ပြီး အိန္ဒိယ၌ ရိုက်ကူးသည်။[၅] အိန္ဒိယ၌လုပ်သည့် သူကြွယ် ဘယ်သူဖြစ်ချင်သလဲ (Who Wants to Be a Millionaire?) ရုပ်သံအစီအစဉ်တွင် ဂျမား မာလစ်က မေးခွန်းအားလုံး ဖြေနိုင်သည့်အခါ လူတိုင်း အံ့ဩကြသည်။ တစ်နည်းနည်းဖြင့် မသမာလုပ်သည်ဟု ယူဆကာ စစ်မေးသည့်အတွက် အဖြေတို့ကို သိနိုင်သည့် သူ၏ ဘဝအဖြစ်အပျက်များကို ဂျမားက ရဲများအား ပြောပြသည်။
Slumdog Millionaire | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ဒန်နီ ဘွိုင်း (Danny Boyle) |
ထုတ်လုပ်သူ | ခရစ်စယာန် ကိုလဆန် (Christian Colson) |
စာရေးသူ | Simon Beaufoy[*] |
ဇာတ်ညွှန်း | ဆိုင်မွန် ဗျူဖွိုင် (Simon Beaufoy) |
အခြေခံထားသည်မှာ | ဗီကတ် ဆွာရပ် ရေးသည့် အမေးအဖြေ |
သရုပ်ဆောင် |
|
ဂီတမှူး | အေ အာ ရာမန် (A. R. Rahman) |
ဓာတ်ပုံ | အန်သိုနီ ဒေါ့ မန်တယ် (Anthony Dod Mantle) |
တည်းဖြတ် | ခရစ် ဒစ်ကင် (Chris Dickens) |
ထုတ်လုပ်ရေး ကုမ္ပဏီ |
|
ကြာမြင့်ချိန် | ၁၂၀ မိနစ်[၁] |
နိုင်ငံ | ယူနိုက်တက် ကင်းဒန်း [၂][၃][၄] |
ဘာသာစကား |
|
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ |
|
ကုန်ကျငွေ | စတာလင်ပေါင် ၁၅ သန်း |
ရောင်းရငွေ | ဒေါ်လာ ၃၇၇.၈၉ သန်း |
နောင်တော်များနှင့် နောက်ဆက်တွဲများ | |
နောက်ထွက်ဇာတ်လမ်း | Delhi-6[*] |
အပေါက်နှေးသော်လည်း ဇာတ်ကားကောင်းတစ်ခုအဖြစ် အများက အသိအမှတ်ပြုကြသည်။ ဇာတ်ကွက်၊ နောက်ခံတေးနှင့် ပါတယ်၏ သရုပ်ဆောင်မှုကို ချီးမွမ်းကြသည်။ ၂၀၀၉ ခု အော်စကာဆု ပေးပွဲတွင် ဆန်ကာတင် ၁၀ ဆုဝင်ပြီး ၈ ဆု ရသည်။ ဘက်ဖတာဆု ၇ ဆုနှင့် ရွှေကမ္ဘာလုံးဆု ၄ ဆုလည်း ရသေးသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ SLUMDOG MILLIONAIRE (15) - BBFC။ BBFC (7 May 2017)။ 28 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2019 တွင် ပြန်စစ်ပြီး။
- ↑ Slumdog Millionaire (2008)။ Screen International (6 September 2008)။
- ↑ Slumdog Millionaire (2008)။ British Film Institute။ 2 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2019 တွင် ပြန်စစ်ပြီး။
- ↑ "Slumdog Millionaire"၊ The Guardian၊ 2009-01-09။
- ↑ The New York Times (11 November 2008)။ Danny Boyle's "Slumdog Millionaire" Captures Mumbai, a City of Extremes - NYTimes။ Somini Sengupta။