[၁] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့အနီး ပဲစဉ်းငုံတောဝယ် သီတင်းသုံးတော်မူစဉ် စေတိနိုင်ငံ ပါစီနဝံသ (အရှေ့ဝါးတော)၌ မဟာပုရိသဝိတက် ခုနစ်ပါးကို ကြံစည်တော်မူသော အရှင်အနုရုဒ္ဓါထေရ်အား ရှစ်ခုမြောက် မဟာပုရိသဝိတက်ကို ဖြည့်စွက်၍ ဟောကြားတော်မူပါသည်။ ဘုရားရှင်က ယင်းမဟာပုရိသဝိတက် ရှစ်ပါးကို ကြံစည်နေသောသူအား ရရှိခံစားနိုင်သော အကျိုးတရားတို့ကို ဆက်၍ ဟောကြားတော်မူပြီး ဤစေတိတိုင်း ပါစီနဝံသတော၌ နောက်ထပ်တစ်ဝါ ဆက်လက်သီတင်းသုံးရန် မိန့်ကြားတော်မူပါသည်။

ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့သို့ ပြန်လည်ရောက်တော်မူသောအခါ ရဟန်းတို့အား မဟာပုရိသဝိတက် ရှစ်ပါး အကျယ်ဒေသနာတော်ကို ဟောတော်မူပါသည်။ နောက်နှစ်ဝါတွင်း၌ ထိုစေတီနိုင်ငံ ပါစီနဝံသတော၌ အရှင်အနုရုဒ္ဓါ အသဝေါကုန်ခန်း ရဟန္တာ အဖြစ်သို့ ရောက်တော်မူပါသည်။ ရဟန္တာဖြစ်ပြီးချိန်၌ သုံးဂါထာဖြင့် ဥဒါန်းကျူးရင့်တော် မူပါသည်။

အဋ္ဌကထာ၌ -ပါစီနံသတောအကြောင်း၊ အရှင်သာရိပုတ္တရာထေရ်နှင့် အရှင်အနုရုဒ္ဓါထေရ်တို့ တရားဆွေးနွေးကြပုံ၊ အရှင်သာရိပုတ္တရာထေရ်၏ထံမှ ကမ္မဋ္ဌာန်းတရားကိုယူ၍ ယင်းတော၌ အရှင်အနုရုဒ္ဓါထေရ် တရားအားထုတ်ပုံ၊ မဟာပုရိသဝိတက်များ ဖြစ်ပေါ်လာပုံ၊ အပ္ပိစ္ဆ-လေးမျိုး၊ သန္တောသ-သုံးမျိုး၊ ပဝိဝိတ္တ-သုံးမျိုး၊ သင်္ဂဏိကာရာမ-နှစ်မျိုး၊ ပပဉ္စတရား-သုံးပါးတို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၆၂-၈။ အံ၊မြန်၊၃၊၆၃-၉။ အံ၊ဋ္ဌ၊၃၊၂၂၅-၈။ အံ၊ဋီ၊၃၊၂၃၅။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ဂဟပတိဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ