(၅)သုတ် ရှိပါသည်။

[၁] ပဉ္စကင်္ဂလက်သမားဆရာကြီး၏ လျှောက်ထားချက်အရ အရှင်အနုရုဒ္ဓါထေရ်က “အပ္ပမာဏစေတောဝိမုတ္တိ” နှင့် “မဟဂ္ဂတစေတောဝိမုတ္တိ” တို့ထူးခြားပုံ၊ အပ္ပမာဏစေတောဝိမုတ္တိပွားများပုံနှင့် မဟဂ္ဂတစေတောဝိမုတ္တိပွားများပုံကို လည်းကောင်း၊ ဘဝ၌ဖြစ် ခြင်းလေးမျိုး (ကိုယ်ရောင်အဆင်းလေးမျိုး)ကိုလည်းကောင်း၊ ဗြဟ္မာတို့၏ ကိုယ်ခန္ဓာ အဆင်းနှင့် အရောင်အလင်းတို့ မထူးခြားသည့်အခါနှင့် ထူးခြားသည့်အခါတို့ကို ဆီမီး အလင်းရောင် ဥပမာအားဖြင့်လည်းကောင်း၊ ဗြဟ္မာတို့အား အလင်းရောင်၌ “နိစ္စ, ဓုဝ, သဿတ” ဟု မကြံစည်ကြပုံ၊ မိမိတို့၏ ဘုံဗိမာန်တို့၌ မွေ့လျော်ကြပုံကို ထမ်းပိုး၌ ထမ်း ဆောင်ထားသော ယင်ကောင်ဥပမာဖြင့်လည်းကောင်း ဟောကြားတော်မူပါသည်။

ထိုအခါ ကစ္စာယနအနွယ်ရှိသော အရှင်သဘိယထေရ်က အရှင်အနုရုဒ္ဓါထေရ်အား “ဗြဟ္မာဘုံတစ်ခုတည်း၌ နည်းသောအရောင်အဝါရှိသော ဗြဟ္မာ, အတိုင်းအရှည် မရှိ များသောအရောင်အဝါရှိသော ဗြဟ္မာ, ညစ်နွမ်းသော အရောင်အဝါရှိသော ဗြဟ္မာ, ထက်ဝန်းကျင် စင်ကြယ်သော အရောင်အဝါရှိသော ဗြဟ္မာဖြစ်ခြင်း အကြောင်းများကို တစ်ခုပြီးတစ်ခု မေးလျှောက်ခြင်းကြောင့် မဟဂ္ဂုတ်ဈာန်ပွားများမှု မတူညီပုံနှင့် အရောင် အလင်း မသန့်ရှင်းမစင်ကြယ် မကြည်လင်မှု, ကြည်လင်မှုတို့ကို ဆီမီးရောင်ဥပမာဖြင့် အရှင်အနုရုဒ္ဓါထေရ်က ရှင်းလင်းဖြေကြားတော်မူပါသည်။

အရှင်သဘိယထေရ်က အရှင်အနုရုဒ္ဓါထေရ်အား “အရှင်အနုရုဒ္ဓါထေရ်သည် ဗြဟ္မာကြီးနှင့် အတူနေဘူး, အတူပြောဆိုဆွေးနွေးဘူး, အတူဈာန်ဝင်စားဘူးသူ ဖြစ်ပါ သလော” ဟု မေးလျှောက်ပါသည်။ အရှင်အနုရုဒ္ဓါထေရ်က “လျှောက်ထားသည့်အတိုင်း မှန်၏” ဟု အမိန့်ရှိပါသည်။ အရှင်သဘိယထေရ်က ပဉ္စကင်္ဂလက်သမားဆရာကြီးအား “သင်သည် အလွန်အရတော်ပါပေစွ၊ ယုံမှားမှုကို ပယ်ဖျောက်ခွင့်ရပါပေစွ၊ ငါသည်လည်း ဤတရားဒေသနာတော်ကို နာကြားခွင့်ရပေစွ” ဟု ချီးကျူးပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အပ္ပမာဏနှင့် မဟဂ္ဂတစေတောဝိမုတ္တိတို့ ထူးခြားပုံ၊ သံကိလိဋ္ဌာဘာ, ပရိသုဒ္ဓါဘာဝဖြစ်ပုံ၊ ယင်ကောင်ဥပမာ၌ ဖြည့်စွက်ချက်၊ အရှင်အနုရုဒ္ဓါထေရ်၏ ဘဝသုံးရာတိုင်တိုင် ဗြဟ္မာဖြစ်ခဲ့ပုံတို့ကို ဖွင့်ပြထားပါသည်။


[၂] အရှင်အနုရုဒ္ဓါထေရ် ကောသလတိုင်း တောအုပ်တစ်ခု၌ သီတင်းသုံးစဉ် နတ် ဘဝက အဂ္ဂမဟေသီဖြစ်ခဲ့ဘူးသော “ဇာလိနီ” နတ်သမီး “တာဝတိံသာနတ်ပြည်၌ ပြန်လည်ဖြစ်ရန် စိတ်ကိုတောင့်တပါ၊ နန္ဒဝန်ဥယျာဉ်တော်ကို မသိကုန်သော သူတို့သည် မမြင်ဖူးသူတို့သည် ချမ်းသာကိုမသိကုန်” ဟု လျှောက်ထားချက်များနှင့် ဆက်စပ်၍ “သက္ကာယဒိဋ္ဌိ၌ တည်သောနတ်တို့ ဒုဂ္ဂတိဘုံသို့ ရောက်ကြရပုံ၊ ရဟန္တာပုဂ္ဂိုလ်၏ စကားကို သင်မသိနိုင်ပုံ၊ မိမိရဟန္တာဖြစ်ပြီး၍ ဘဝသစ်၌ ပဋိသန္ဓေမနေရတော့ပုံ” အစရှိသည်တို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သက္ကာယဒိဋ္ဌိ၌ တည်ခြင်းအကြောင်း (၈)ပါး၊ ဇာလိနီ နတ်သမီး၏ အရှင်အနုရုဒ္ဓါအပေါ်၌ သံယောဇဉ်ကြီးမားပုံ၊ အရှင်အနုရုဒ္ဓါထေရ်ထံ ချဉ်းကပ်ပုံ, အဂ္ဂသာဝကမထေရ်နှစ်ပါးတို့ အရှင်အနုရုဒ္ဓါမထေရ်၏ ပံသုကူသင်္ကန်း ချုပ်ရာ၌ ဘုရားရှင်ကိုယ်တော်တိုင် အပ်၌အပ်ချည်ထိုးပေးတော်မူပုံ၊ နတ်သမီးများက အရှင်အနုရုဒ္ဓါအား ချစ်ခင်ရင်နှီးအောင် မပြုနိုင်ကြပုံအစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ -သက္ကာယဒိဋ္ဌိတည်ခြင်းအကြောင်း (၈) ပါးကို ဖွင့်ပြထားပါသည်။


[၃] အရှင်အနုရုဒ္ဓါထေရ်က မေးလျှောက်သဖြင့် “နံနက်ခင်း၌ “မစ္ဆရိယ”၊ နေ့ခင်း၌ “ဣဿာ”၊ ညပိုင်း၌ “ကာမရာဂ” တရားသုံးမျိုး လွှမ်းမိုးနှိပ်စက်မှု ခံနေရသော မာတုဂါမသည် သေလွန်ပြီးနောက် အပါယ်လေးပါးသို့ သွားရောက်ရသည်” ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] အရှင်အနုရုဒ္ဓါထေရ်က “တပည့်တော်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်ဖြင့် သဟဿလောကကို မြင်နိုင်ပါသည်။ တပည့်တော်သည် နောက်မဆုတ်တမ်း ဝီရိယကို အားထုတ်ထားပါသည်။ သတိလည်း (ကမ္မဋ္ဌာန်းအာရုံ၌) စွဲမြဲစွာ ထင်နေပါသည်။ မပျောက်ပျက်ပါ။ ကာယလည်း အပူမလိမ်း ငြိမ်းအေးနေပါသည်။ စိတ်လည်းတည်ကြည် ငြိမ်သက်နေပါသည်။ ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်း၌သာ တည်ရှိနေပါသည်။ သို့သော်လည်း အာသဝေါတရားတို့မှ စိတ်သည် မလွတ်မြောက်နိုင်ပါ” ဟု လျှောက်ထားပါသည်။

အရှင်သာရိပုတ္တရာထေရ်က “အရှင်မှာ အမှတ် (၁) စကားရပ်ဖြင့် မာနဖြစ်နေသည်။ အမှတ် (၂) စကားရပ်ဖြင့် ဥဒ္ဓစ္စဖြစ်နေသည်။ အမှတ် (၃) စကားရပ်ဖြင့် ကုက္ကုစ္စ ဖြစ်နေသည်။ ဤတရားသုံးပါးတို့ကို စွန့်ပယ်နိုင်ခဲ့သော်, နှလုံးမသွင်းခဲ့သော် အမတဓာတ်သို့ စိတ်ကို ဆောင်နိုင်ပါလိမ့်မည်” ဟု အမိန့်ရှိတော်မူပါသည်။

အရှင်အနုရုဒ္ဓါထေရ်သည် အရှင်သာရိပုတ္တရာထေရ်၏ လမ်းညွှန်ချက် ဒေသနာတော်အတိုင်း ကမ္မဋ္ဌာန်းတရား အားထုတ်ရာ ရဟန္တာဖြစ်သွားပုံကို ဟောတော်မူသည့်သုတ်။

ဋီကာ၌ -“မာနသ္မိံ၊ ဥဒ္ဓစ္စသ္မိံ၊ ကုက္ကုစ္စသ္မိံ” ပုဒ်တို့၌ ပထမာဝိဘတ်အနက်၌ သတ္တမီဝိဘတ်သက်ထားပုံကို ဖွင့်ပြထားပါသည်။


[၅] ဘုရားရှင် ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းဝယ် သီတင်းသုံးတော်မူစဉ် နေ့ သန့်ရာအရပ်၌ တစ်ပါးတည်းကိန်အောင်းနေသော အရှင်အနုရုဒ္ဓါမထေရ်မြတ်အား မနာပကာယိကာနတ်သမီးများ ရောက်လာ၍ “မိမိတို့သည် အဆင်း, အသံ, ချမ်းသာဟူသော ဌာနသုံးပါး၌ တခဏချင်း လိုသလိုရနိုင်သူများ, အစိုးရသူများ အလိုအကြိုက် အတိုင်း လိုက်ပါစေနိုင်သူများဖြစ်ကြောင်း” လျှောက်ထားပြီး အရှင်အနုရုဒ္ဓါ၏ နှလုံးသွင်း မှုအတိုင်း လိုက်ပါဖြစ်စေကြ၍ သီဆိုကပြ တီးမှုတ်ကြပုံ၊ အရှင်အနုရုဒ္ဓါထေရ် က သာယာမှု အမူအရာ မပြဘဲ မျက်လွှာချနေသဖြင့် ပြန်သွားကြပုံ၊ အရှင်အနုရုဒ္ဓါထေရ် က ယင်းအဖြစ်အပျက်ကို ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က အမျိုးသမီးများ မနာပကာယိကာနတ်သမီးဖြစ်ကြောင်း (၈) ပါးကို ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ယင်းနတ်သမီးများသည် အရှင်အနုရုဒ္ဓါထေရ် စကြာမင်း ဖြစ်စဉ်က မိဖုရားများဖြစ်ကြောင်း၊ ပဉ္စကင်္ဂတူရိယာအကြောင်းတို့ကို ဖွင့်ပြထားပါသည်။ [၆]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၃၊၁၈၄-၁၉၁။ မ၊မြန်၊၃၊၁၈၉-၁၉၆။ မ၊ဋ္ဌ၊၄၊၁၄၂-၄။ မ၊ဋီ၊၃၊၃၄၇-၈။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၃-သုညတဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၁၊၂၀၁-၂။ သံ၊မြန်၊၁၊၁၈၈-၉။ သံ၊ဋ္ဌ၊၁၊၂၆၇-၈။ သံ၊ဋီ၊၁၊၃၀၀-၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၉-ဝနသံယုတ္တ၊ ဆဋ္ဌသုတ်။
  3. -အံ၊၁၊၂၈၄။ အံ၊မြန်၊၁၊၃၀၂။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ကုသိနာရဝဂ္ဂ၊ သတ္တမသုတ်။
  4. -အံ၊၁၊၂၈၅။ အံ၊မြန်၊၁၊၃၀၃။ အံ၊ဋ္ဌ၊၂၊၂၄၁။ အံ၊ဋီ၊၂၊၂၁၅။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ကုသိနာရဝဂ္ဂ၊ အဋ္ဌမသုတ်။
  5. -အံ၊၃၊၉၀-၉၄။ အံ၊မြန်၊၃၊၉၁-၄။ အံ၊ဋ္ဌ၊၃၊၂၃၃-၄။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၅-ဥပေါသထဝဂ္ဂ၊ ဆဋ္ဌသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ