အမှု— နှစ်စဉ် (တနှစ်တစ်ပါးကျ) ဥပဇ္ဈာယ်လုပ်နိုင်သော ဘိက္ခုနီတို့က ကိုယ်စီကိုယ်စီ ရဟန်းပြုပေးကြမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့ ကိုယ်စီကိုယ်ငှ ရဟန်းပြုပေးကြသည့်အတွက် နေဖို့ရာ ကျောင်းများ မလောက်သဖြင့် လူတို့ကစ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ အနုဝဿံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

တနှစ်လျှင် တစ်ပါးကျ ဘိက္ခုနီ ပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး