ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊ မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါးရှိသည်။

(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊

(၂) လူတို့၏ ခရီးရှည်စေတမန်လုပ်ခြင်း၊

(၃) လူတို့၏အနီးအနား အစေအခိုင်းခံခြင်း၊

(၄) အနာကိုဓားခွဲပေးခြင်း၊

(၅) ဆေးလိမ်းပေးခြင်း၊

(၆) ပျို့အန်ဆေးပေးခြင်း၊

(၇) ဝမ်းနုတ်ဆေးပေးခြင်း၊

(၈) နှာရှူဆေးပေးခြင်း

(၉) မျက်စဉ်းပေးခြင်း၊

(၁၀) ဝါးပေးခြင်း၊

(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊

(၁၂) ပန်းပေးခြင်း၊

(၁၃) စားဖွယ်သစ်သီးပေးခြင်း၊

(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊

(၁၅) ဒန်ပူပေးခြင်း၊

(၁၆) မျက်နှာသစ်ရေပေးခြင်း၊

(၁၇) မျက်နှာချေမှုန့် ပေါင်ဒါပေးခြင်း၊

(၁၈) မြေညက်ပေးခြင်း၊

(၁၉) မိမိကိုယ်ကိုအောက်ချ၍ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊

(၂၀) လိမ်လည် ဝါကြွား၍ပြောကြားခြင်း၊

(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြှူခြင်း။ [၁] [၂]

လင်္ကာ ပြင်ဆင်ရန်

(ဆောင်) ၁။ မျက်သစ်ရေထက်၊ ဆွမ်းတုံ့စွက်၊ သစ်ရွက် ချိုးမှုန့်ပါ။

၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။

၃။ ခိုင်းစေရာခံ၊ စေတမန်၊ မြေကျန် အတတ်ပါ။

၄။ ခေတ္တအင်္ဂ၊ နက္ခတ္တ၊ သုံးဝ ထိုဝိဇ္ဇာ။

၅။ ပေါင်းပါ ဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ် နေသနာ။ [၃]

တစ်နည်း

၁။ မျက်သစ်ရေထက်၊ ခိုင်းစေစွက်၊ သစ်ရွက်ချိုးမှုန့်ပါ။

၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။

၃။ နာခွဲလိမ်းဆေး၊ ဝမ်းအန်ဆေး၊ ချက်ပေးဆီ နှစ်ဖြာ။

၄။ ပေါင်းပါဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ်နေသနာ။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. မဟာနိဒ္ဒေသ။ ပါ။ ၂၉၀-၃၉၆။ ၎င်းင်း။ ဋ္ဌ။ ၃၅၀-၃၅၂။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၂။ ၎င်းင်း။ ဋ္ဌ။၄
  2. သုတေသန သရုပ်ပြ အဘိဓာန်
  3. (ခုဒ္ဒကပါဌအဋ္ဌကထာ - မေတ္တသုတ်အဖွင့်)
  4. (ဓမ္မသင်္ဂဏီမူလဋီကာ စိတ္တုပ္ပါဒကဏ္ဍကုလကထာအဖွင့် ပါတိမောက္ခမေဒိနီ၊ ၁၅၂၊သို့ရှု)