အနောက်ချောင်းဒွါရဂိုဏ်း

သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် ဧရာဝတီတိုင်းဗြိတထိသျှအစိုးရလက်ထက်အုတ်ဖိုမြို့(ယခုအင်္ဂပူမြို့)မှဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့်အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊၀စီကံ၊မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊၀စီဒွါရ၊မနောဒွါရဟု ဒွါရဖြင့်ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ (ယခုထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန် ကြောင်းငြင်းခုံခဲ့သည်။ ထို့ကြောင့်အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည်

( က ) အနောက်ချောင်းဒွါရဂိုဏ်း ပြင်ဆင်ရန်

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆)တိုက်မှ သံဃာတော်များက ပထမပါရာဇိက(မာတုဂါမဖြင်.ဖောက်ပြန်သည်.အမှု)ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့်ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှသံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ "ငဝန်မြစ်"ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကိုအစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။