ဆရာတို့၏ အနီးနေ တပည့်များကို အန္တေဝါသိကဟု ခေါ်သည်။ (အန္တေ=အနီး၌+ဝါသိက =နေသူ) ဆရာ၌သာ တပည့်တို့က ပြုစုရသော ဝတ်ရှိသည် မဟုတ်သေး၊ တပည့်တို့၌လည်း ဆရာတို့က ပြုစုရသောဝတ် ရှိသည်သာ၊ ထိုသို့အန္တေဝါသိက တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရသော ဝတ်ဖြစ်သောကြောင့် အန္တေဝါသိကဝတ်ဟု ဆိုသည်။ ထို အန္တေဝါသိက ဝတ်ပြုပုံတို့မှာ သဒ္ဓိဝိဟာရိက တပည့်၌ ဥပဇ္ဈာယ်က ပြုရသော သဒ္ဓိဝိဟာရိကဝတ်ပြုပုံအတိုင်း ဘုရားရှင် ဟောထားလေသည်။

ဆရာလေးပါးအစဉ်

ပြင်ဆင်ရန်

၁။ နိဿယာစရိယ=နိဿယည်းပေးဆရာ။

၂။ ပဗ္ဗဇ္ဇာစရိယ=သရဏဂုံပေး၍ ရှင်ပြုပေးဆရာ။

၃။ ဥပသမ္ပဒါစရိယ=ကမ္မဝါစာဖတ်၍ ပဉ္စင်းပြုပေးတဲ့ဆရာ။

၄။ ဓမ္မာစရိယ=စာချပေးဆရာ။

တပည့်လေးပါးအစဉ်

ပြင်ဆင်ရန်

၁။ နိဿယန္တေဝါသိက=နိဿယည်းယူတပည့်။

၂။ ပဗ္ဗဇ္ဇန္တေဝါသိက=ရှင်ပြုပေးအပ်တဲ့တပည့်။

၃။ ဥပသမ္ပဒန္တေဝါသိက=ပဉ္စင်းပြုပေးအပ်တဲ့တပည့်။

၄။ ဓမ္မန္တေဝါသိက=စာသင်ယူတပည့် ။


ဆရာတပည့်အစဉ်ဟပ်ယူ

ပြင်ဆင်ရန်

၁။ နိဿယာစရိယ-နိဿယည်းဆရာနှင့် နိဿယန္တေဝါသိကတပည့်တို့သည်လည်းကောင်း။

၂။ ဓမ္မာစရိယ=စာချဆရာနှင့် ဓမ္မန္တေဝါသိက စာသင် တပည့်တို့သည်လည်းကောင်း၊ (အနီးနေသောအခါ၌သာလျှင် အချင်းချင်း ဝတ်ပြုကြရမည်၊ မနေလျှင် မပြု၍ အပြစ်မရှိ။)

၃။ ပဗ္ဗဇ္ဇာစရိယ= ရှင်ပြုဆရာနှင့် ပဗ္ဗဇ္ဇန္တေဝါသိက တပည့်တို့သည်လည်းကောင်း။

၄။ ဥပသမ္ပဒါစရိယ=ပဉ္စင်းပြုပေးဆရာနှင့် ဥပသမ္ပဒန္တေဝါသိကတပည့်တို့သည်လည်းကောင်း တသက်ပတ်လုံး ဝတ်ပြုတာဝန် ရှိကြသည်ဟု မှတ်။

ဆရာလေးပါးနှင့် တပည့်လေးပါးတို့၌ တဦးနှင့်တဦး ဝတ်မပြုပဲနေမိက အပြစ်လွတ်အောင် ဘယ်သို့ပြုသင့်သလဲ?

ပြင်ဆင်ရန်

ဥပဇ္ဈာယ်ဆရာနှင့် သဒ္ဓိဝိဟာရိက တပည့်တို့နည်းတူ အချင်းချင်း ခွင့်လွှတ်ထားပါက ဝတ်မပြုမိ၍ အပြစ်မရောက်နိုင်ပါ၊ (ဥပဇ္ဈာယ်ယူခန်းကို ပြန်ရှု။)

ဧတာနိ စ သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ စရိတဗ္ဗာနိ-ဟူသော ဝတ်ပိုင်းစကား၏ အဓိပ္ပာယ် ဘယ်လိုလဲ?

ပြင်ဆင်ရန်

ဆိုခဲ့သော ဝတ်တဆယ့်လေးပါးတို့ကို ရဟန်း, သာမဏေ အားလုံးတို့သည် အခါခပ်သိမ်း အချိန်မရွေး ထိုက်သင့်လျော်သလို ကျင့်ထိုက်သည်။ ကျင့်ရမည်၊ ကျင့်ပါလေဟု ဆိုလိုသည်၊ ဤ၌ သဗ္ဗဒါ ပုဒ်ဖြင့် ထိုဝတ်တို့ကို အချိန်ကာလရွေးမနေရဟု ပြသည်။ ၈၂-ပါးသော မဟာဝတ်တို့ကား တဇ္ဇနီယကံပြုသောအခါ စသည်မျိုး၌သာ ပြုရသည်၊ အခါရွေးရ သေးသည်။

ဒွေ အသီတိ မဟာဝတ္တာနိ ပန တဇ္ဇနီယကမ္မကတာဒိကာလေယေဝ စရိတဗ္ဗာနိ၊ န သဗ္ဗဒါ။ (ဝိ-ဋီ) [] []

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း