အန္တောဝဿသိက္ခာပုဒ်
အမှု—ဝါတွင်း၌ ဒေသစာရီ လှည့်လည်သွားလာ။
အမှုသည်—ဘိက္ခုနီအများ။ [၁]
ထိုသို့ သွားလာသော ဘိက္ခုနီတို့ကို မြက်သစ်ပင်၌ အသက်ရှိ၏ဟု အယူရှိကြသော လူတို့က “မိုးကာလအတွင်းဖြစ်၍ စိမ်းစို လန်းဆန်း နေသော မြက်သစ်ပင် အရှင်ကလေးတွေကို သေအောင်နင်း၍ လှည့်လည်သွားလာ နေကြရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် လူတို့အလိုလိုက်၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ် ပြင်ဆင်ရန်
ယာ ပန ဘိက္ခုနီ အန္တောဝဿံ စာရိကံ စရေယျ, ပါစိတ္တိယံ။
မြန်မာပြန် ပြင်ဆင်ရန်
ဝါတွင်း၌ ဒေသစာရီ လှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ကိုးကား ပြင်ဆင်ရန်
- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။