အန်ဂယ်လ်ဟုမ်းမြို့သည် ဆွီဒင်နိုင်ငံ စကိန်းကောင်တီတွင် ရှိသော မြို့တစ်မြို့ ဖြစ်ပြီး အန်ဂယ်လ်ဟုမ်း မြူနီစီပါယ်အုပ်ချုပ်ရေး ဒေသ၏ ရုံးစိုက်ရာ မြို့ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် လူဦးရေ ၂၃,၂၄၀ ဦး ရှိသည်။

အန်ဂယ်လ်ဟုမ်းရှိ ရှေးခေတ် တရားရုံး

အန်ဂယ်လ်ဟုမ်းမြို့မှ ထုတ်လုပ်သော ရွှံ့ဖြင့် လုပ်သည့် ချိုးရုပ်များမှာ ထင်ရှားသည်။ သို့သော်လည်း ထိုရိုးရာမှာ ပျောက်ကွယ်လု နီးနီးဖြစ်နေပြီး ယခုအခါတွင် ဆိုဖီယာ နေးလ်ဆင် ဆိုသည့် ထုတ်လုပ်သူ တစ်ဦးသာ ကျန်ရှိတော့သည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ အရေးပါသော လုပ်ငန်းဖြစ်သည်။ မြို့၏ အပြင်ဘက်တွင် ၆ ကီလိုမီတာမျှ ရှည်လျားသော သဲသောင်ကမ်းခြေကြောင့် ဖြစ်သည်။ စကယ်လ်ဒါ ဗိုက်ကင် ပင်လယ်အော်မှ တိုက်ခိုက်လာသော လေများကြောင့် ကမ်းခြေသည် သင်္ဘောသားများ၊ ရေလှိုင်းစီးသူများ၊ ရွှက်လွင့်သူများ ကြိုက်နှစ်သက်ရာ ဒေသ ဖြစ်သည်။

အခြားထင်ရှားသော လုပ်ငန်းမှာ အန်ဂယ်လ်ဟုမ်း ဂလပ်စ်၏ အိုက်စကရင် လုပ်ငန်းဖြစ်ပြီး တစ်နှစ်လျှင် အိုက်စကရင် ၁.၂ သန်း လီတာ မျှ ရောင်းအားရှိသည်။

အထူးထင်ရှားသော နေရာမှာ အန်ဂယ်လ်ဟုမ်းရှိ ယူအက်ဖ်အို အမှတ်တရ နေရာ ဖြစ်သည်။