အန်ဇို ဖရာရီ
အန်ဇို ဖရာရီသည် ဆလင်ဒါ ၁၂ လုံးနှင့် အင်ဂျင်အလယ်ပိုင်း တပ်ဆပ်ထားသော ဘာလီနက်တာ အမျိုးအစား ကားဖြစ်ပြီး ကုမ္ပဏီကို တည်ထောင်သူ အန်ဇို ဖရာရီ၏ အမည်ကိုယူ၍ နာမည်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဖော်မြူလာဝမ်း နည်းပညာများကို အသုံးပြုထားသည်။
ထုတ်လုပ်သည့်ခုနှစ် | ၂၀၀၂–၂၀၀၄ 400 produced |
---|---|
ယခင်မော်ဒယ်လ် | ဖရာရီ F50 |
နောက်မော်ဒယ်လ် | ဖရာရီ F70 |
ကလပ်စ် | စပေါ့တ်ကား၊ ပြိုင်ကား၊ စူပါကား |
ဘော်ဒီစတိုင်လ် | ၂ယောက်စီး ဘာလီနက်တာ |
ပုံသဏ္ဌန် | အနောက်အလယ်ပိုင်း အင်ဂျင် နောက်ယက် |
အင်ဂျင် | 6.0 L V12 |
ဂီယာ | ၆ချက် ဆီမီးအော်တို |
ဘီးအခြေ | ၂၆၅၀ မီလီမီတာ |
အရှည် | ၄၇၀၂ မီလီမီတာ |
အကျယ် | ၂၀၃၅ မီလီမီတာ |
အမြင့် | ၁၁၄၇ မီလီမီတာ |
အလေးချိန် | ၁၃၆၅ ကီလိုဂရမ် |
ဒီဇိုင်းနာ | Pininfarina |
အန်ဇို ဖရာရီသည် တစ်နာရီလျှင် မိုင် ၆၀ (၉၇ ကီလိုမီတာ) နှုန်း အရှိန်မြှင့်ရန် ၃.၁၄ စက္ကန့်မျှ ကြာပြီး တစ်နာရီလျှင် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) နှုန်းသို့ ၆.၆ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။