အန်ဒီ ဆားကစ်

အင်္ဂလိပ် အမျိုးသားသရုပ်​ဆောင် အနုပညာရှင်

အန်ဒရူး ကလဲမန့် ဆားကစ် (အင်္ဂလိပ်: Andrew Clement Serkis)[၁][၂] သည် အင်္ဂလိပ် ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ကောင်နောက်ခံ အနုပညာရှင် တစ်ဦးဖြစ်သည်။ ကွန်ပျူတာဖြင့်ဖန်တီးယူသော ဇာတ်ကောင်များအတွက် လှုပ်ရှားမှု၊ အသံ သရုပ်ဆောင်ခြင်းများဖြင့် လူသိအများဆုံးဖြစ်ကာ လက်စွပ်များ၏ အရှင်သခင် ရုပ်ရှင်သုံးကား (၂၀၀၁-၂၀၀၃)၊ ဟော့ဘစ် : မျှော်လင့်မထားသော ခရီးစဉ် (၂၀၁၂) တို့၌ ဂိုလမ်၊ ၂၀၀၅ တွင်ထွက်ရှိသော ကင်းကောင်ရုပ်ရှင်၌ ကင်းကောင်၊ မျောက်ဝံတို့၏ ဂြိုဟ်ရုပ်ရှင်တွဲများ (၂၀၁၁-၂၀၁၇) ၌ ဆီဇာ၊ စတီဗင် စပီးလ်ဘတ်ခ်တင်တင်၏ စွန့်စားခန်းများ (၂၀၁၁) တွင် ကပ္ပတိန် ဟဒ်ဒေါ့ခ်၊ ကြယ်တာရာစစ်ပွဲများ နောက်ဆက်ဇာတ်လမ်းများဖြစ်သော ကြယ်တာယာစစ်ပွဲ : စွမ်းအားနိုးထလာခြင်း (၂၀၁၅) ၊ ကြယ်တာယာစစ်ပွဲ : နောက်ဆုံးဂျက်ဒိုင်း (၂၀၁၇) တို့၌ ခေါင်းဆောင်ကြီး စနုတ်ခ်တို့နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ၌ ကိုယ်တိုင်ရိုက်ကူးသော မောက်ဂ်လီ:တောတွင်းရာဇဝင် ရုပ်ရှင်၌ ဘာလူးအဖြစ်လည်း သရုပ်ဆောင်ထားသည်။

အန်ဒီ ဆားကစ်
၂၀၁၇ ၌ တွေ့ စဉ်
မွေးဖွားအန်ဒရူး ကလဲမန့် ဆားကစ်
(1964-04-20) ၂၀ ဧပြီ၊ ၁၉၆၄ (အသက် ၅၉)
Ruislip Manor, Middlesex, England
မိခင်ကျောင်းလန်ကာစတာ တက္ကသိုလ်
အလုပ်အကိုင်
  • သရုပ်ဆောင်
  • ထုတ်လုပ်သူ
  • ဒါရိုက်တာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၅–လက်ရှိ
အိမ်ထောင်ဖက်(များ)Lorraine Ashbourne (လက်ထပ် ၂၀၀၂)
သားသမီး

ဆားကစ်သည် သမိုင်းတစ်လျှောက် စုစုပေါင်းဝင်ငွေအများဆုံးရ သရုပ်ဆောင်တစ်ဦးဖြစ်ကာ ၎င်း၏ ထိုသို့ နောက်ခံသရုပ်ဆောင်မှုများအတွက် ချီးကျူးထောမနာပြုခြင်းခံရသူတစ်ဦးလည်းဖြစ်သည်။[၃][၄][၅] အင်ပါယာဆုတစ်ခု၊ စေတန်ဆုနှစ်ခုရရှိထားပြီး ၂၀၀၆ တွင် Longford ရုပ်သံဇာတ်လမ်းတွဲမှ အီယန် ဘရာဒီဇာတ်ကောင်နေရာကို ရွှေကမ္ဘာလုံးဆု လျာထားခြင်းခံခဲ့ရသည်။ Sex & Drugs & Rock & Roll ဇာတ်ကားတွင်လည်း အီယန် ဒြူရီအဖြစ် သရုပ်ဆောင်နေရာအတွက် ဘာဖ်တာဆု လျာထားခြင့်ခံခဲ့ရ၏ ။ ဗြိတိသျှရုပ်ရှင်အတွက် ထုးချွန်စွာပေးဆပ်မှုကဏ္ဍအတွက် ဘာဖ်တာဆုကို ၂၀၂၀ တွင် လက်ခံရရှိသည်။[၆] The Letter for the King (၂၀၂၀) အတွက် Daytime Emmy Award ဆုကမု ၂၀၂၁ ၌ ရရှိခဲ့ပြန်သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. Serkis, Andy (16 April 2009)။ 2 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  2. Mr Andrew Clement Serkis။ 6 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  3. Clark၊ Nick။ "Oscars debate for computerised stars makes a monkey out of movie actors"၊ 16 November 2014။ 31 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 3 December 2014။ 
  4. Clark၊ Nick။ "Should Oscar go to Andy Serkis or the computer that turned him into an ape?"၊ 6 November 2014။ 31 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 1 December 2014။ 
  5. Robey၊ Tim။ "Does Andy Serkis's motion capture acting deserve an Oscar?"၊ 8 November 2014။ 31 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 12 January 2015။ 
  6. Andy Serkis to be honoured at the 2020 EE British Academy Film Award for Outstanding British Contribution to CinemaBritish Academy of Film and Television Arts (23 January 2020)။ 30 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။
  7. Cordero၊ Rosy (July 18, 2021)။ Alex Trebek, Zac Efron, Karrueche Tran, More, Announced As Daytime Emmy Fiction & Lifestyle Winners—Complete Winners List။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2021 တွင် ပြန်စစ်ပြီး။