(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မပညတ်အပ်သည်ကို ဘုရားရှင် ပညတ်တော်မူအပ်၏ဟု ပြ (ပြော ဟော, ရေးသား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများ အစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုးစီးပွားမဲ့ရန်၊ နတ်, လူတို့ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမ ကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်းဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သဒ္ဓမ္မကွယ်ပျောက်ပုံ အကျယ်ဖွင့်ပြထားပါသည်။ သာသနမူလ ဆွေးနွေးပွဲအကြောင်းကိုလည်း ဖွင့်ပြထားပါသည်။


[၂] တထာဂတ အပညတ္တကို တထာဂတ အပညတ္တဟု ပြ (ပြောဟော, ရေးသား သင်ကြား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများကြီးပွား, ချမ်းသာရန်၊ နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့်တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ အံ၊ဋ္ဌ၊၁၊၆၇။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ ဧကစတ္တာလီသမသုတ်။
  2. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၇။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၁-အဓမ္မဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ