အပါချီ (ဗီယက်ကောင်းစစ်သား)

အမေရိကန် လက်ဖြောင့်စစ်သည် ကားလို့ ဟတ်ချ်ကော့၏ အဆိုအရ အပါချီ သည် ဗီယက်နမ်စစ်ပွဲ အတွင်း ဗီယက်ကောင်းအတွက် အမျိုးသမီး လက်ဖြောင့်စစ်သည် တစ်ဦးဖြစ်ပြီး စစ်ကြောရေးမှူးလည်းဖြစ်သည်။ [၁] [၂] အမည်ရင်းကို ထုတ်ဖော်မ‌ပြောသော်လည်း၊ အမေရိကန်မရိန်း နှင့် တောင်ဗီယက်နမ် တပ်ဖွဲ့ဝင်များကို ညှင်းပန်းနှိပ်စက်၍ သတင်းယူရာတွင် သူမအသုံးပြုသောနည်းလမ်းများသည် သွေးထွက်လွန်၍ သေဆုံးစေသောကြောင့် အမေရိကန်တပ်မတော်က သူမအား “အပါချီ”ဟု သိထားကြောင်း ဟတ်ချ်ကော့မှ ပြောကြားခဲ့သည်။ [၃]

အပါချီ Apache
အမည်ပြောင်(များ)'အပါချီ ' 'Apache'
ကွယ်လွန်၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁၃ရက်
တောင်ကုန်း ၅၅, တောင်‌ ဗီယက်နမ် (ကားလို့ ဟတ်ချ်ကော့ မှ)
သစ္စာခံနိုင်ငံ မြောက် ဗီယက်နမ်
လက်နက်ကိုင်တပ် ဗီယက်ကောင်း
တိုက်ပွဲ/စစ်ပွဲများဗီယက်နမ်စစ်ပွဲ  

မရိန်းလက်ဖြောင့်တပ်ဖွဲ့ ဝင်ဖြစ်သော ဟတ်ချ်ကော့၏ အဆိုအရ သူမသည် ၁၉၆၆ ခုနှစ်တွင် အသတ်ခံခဲ့ရကြောင်း သိရသည်။ [၃]

လူမှုဗေဒပညာရှင် ဂျယ်ရီလမ်းဘတ်သည် အပါချီ အမှန်တကယ်ရှိမရှိ နှင့် သူမ၏ ဇာတ်ကြောင်းများမှန်ကန်မှုရှိမရှိအပေါ် ဒွိဟဖြစ်ကာ ဗီယက်နမ်အမျိုးသမီးများကို လူသားမဆန်အောင် သိက္ခာချရန် ရည်ရွယ်၍ ဇာတ်လမ်းကို ဒဏ္ဍာရီတစ်ခုသဖွယ် ပုံဖော်ထားခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။ [၄] ဟတ်ချ်ကော့၏ အပါချီကို သတ်သောဇာတ်လမ်းတွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အရိပ်အရောင်များပါဝင်နေပြီး ယင်းသည် ဗီယက်နမ်အမျိုးသမီးများအပေါ် အမေရိကန်တို့၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ဆက်စပ်နေကြောင်း အူဂို ဖရာကတ်စာမှ မှတ်ချက်ချသည်။[၅]

ဟတ်ချ်ကော့၏‌ပြောကြားချက် ပြင်ဆင်ရန်

၁၉၈၄ နှင့် ၁၉၈၅ ခုနှစ်အတွင်း ဂျွန် ပလာစတာ မှပြုလုပ်သောအမေးအဖြေကဏ္ဍတစ်ခုတွင် ဟတ်ချ်ကော့က အပါချီသည် လက်ဖြောင့်တပ်စုတစ်ခုကို ဦးဆောင်ကာ ယနေ့ခေတ် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်း မြို့ပြင်ဘက်ရှိ တောင်ကုန်း ၅၅ အနီးတွင် မရိန်းတပ်သားများအား ညှဉ်းပန်းနှိပ်စက်နေခဲ့ကြောင်း ပြောကြားခဲ့သည်။

ချားလ်ဟန်ဒါဆန်မှထုတ်ဝေသော ဟတ်ချ်ကော့၏ လုပ်ဇာတ်ဆန်ဆန် ဘဝဇာတ်ကြောင်းတွင်မူ အပါချီသည် ဖမ်းဆီးခံအမေရိကန်စစ်သားများကို ၎င်းတို့၏ရဲဘော်များ ကြားနိုင်လောက်သောအကွာအဝေးအတွင်း ညှဉ်းပန်းနှိပ်စက်နေသည် ဟုဖော်ပြထားသည်။ သို့သော် ဗီယက်နမ်စစ်ပွဲကို လေ့လာနေသော ပညာရှင်များက ဤအဆိုများသည် မမှန်ဟု ယူဆကြသည်။ [၄] [၅] ဟတ်ချ်ကော့၏ဇာတ်လမ်းအရ သူသည် လက်ဖြောင့်အကူ ဂျင်မ်လမ်းန် နှင့်အတူ အပါချီကို အဝေးမှ ပစ်သတ်ခဲ့သည်ဟုဆိုသည်။ [၃]

သမိုင်းကြောင်း အမြင်ရှုထောင့်များ ပြင်ဆင်ရန်

ဂျယ်ရီလမ်းဘတ် သည် ဇာတ်လမ်းကို ဒဏ္ဍာရီတစ်ခုအဖြစ်သာ ရှုမြင်သည်။ [၄] အမျိုးသမီးများသည် မြောက်ဗီယက်နမ် တပ်မတော်နှင့် ဗီယက်ကောင်းတပ်ဖွဲ့များတွင် ရာထူးစွမ်းရည်အမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲအတွင်း ရှေ့တန်းတိုက်ပွဲများတွင် တိုက်ခိုက်ရေးတာဝန်ယူခဲ့ကြောင်း သက်သေအထောက်အထား အလွန်နည်းပါးသည့်အပြင် ကွပ်ကဲမှုကဏ္ဍများတွင် ပို၍ပင် နည်းပါးကြောင်း ၎င်းက ထောက်ပြသည်။ စွပ်စွဲထားသကဲ့သို့ အပါချီ၏ အမေရိကန် စစ်သုံ့ပန်းများအပေါ် ပြုမူဆက်ဆံပုံများသည် သက်သေပင်မရှိသော်လည်း ဗီယက်နမ်လူမျိုးများကို ကမ်းကုန်အောင် ရက်စက်ယုတ်မာတတ်သည်ဟု သိက္ခာချ၍ သမိုင်းဝင်မှတ်တမ်းများကို လမ်းမှားရောက်စေသည်ဟုလည်း ၎င်းက ဆိုသည်။ အပါချီကဲ့သို့သော ဇာတ်ကောင်များသည် "သမိုင်းစာအုပ်များထက် ရုပ်ပြစာအုပ်များတွင် ပိုမိုတွေ့ရှိနိုင်သည်" ဟုဆိုခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။ [၄]

ထို့အပြင် ဟန်ဒါဆန် ရွှန်းရွှန်းဝေအောင်ဖော်ပြထားသော အပါချီ၏ အမေရိကန် မရိန်းတပ်သားတစ်ဦးအားနှိပ်စက်ခန်းတွင် မျက်နှာကို ကွမ်းတံတွေးများ ထွေးချခဲ့ခြင်း နှင့် ဗီယက်နမ်စစ်ပြန်များကို အမျိုးသမီးများက တံတွေးဖြင့်ထွေးသည့် မြို့ပြပုံပြင်တို့သည် လမ်းဘတ်အတွက် တပြိုင်တည်းစိတ်ဝင်စားစရာဖြစ်လာသည်။ [၄] ၎င်းကထပ်မံချဲ့ထွင်ပြောဆိုသည်မှာ ဗီယက်နမ်အမျိုးသမီးတိုက်ခိုက်ရေးသမားများအပေါ် အမေရိကန်တို့၏ရေပန်းစားလာသောအာရုံစိုက်မှုသည် ဗီယက်နမ်ရန်သူတို့၏ အမျိုးသမီးတန်းတူဝါဒ တစိတ်တဒေသကြောင့် ဖြစ်ကြောင်း၊ ဤသည်မှာပင် လူကြိုက်များသော ပြန်ကြားရေးကဏ္ဍများနှင့် အမေရိကန်တို့၏ ဗီယက်နမ်အမှတ်တရများတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာသည်ဟု ယူဆကြောင်းဖြစ်သည်။ [၄] လမ်းဘတ်၏ အဆိုအရ အပါချီသည် စစ်ရှုံးခဲ့ရသည့်အငုံ့စိတ်မှ ပေါက်ဖွားလာသော စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်ပြီး ခွန်အားနည်းသော အမျိုးသမီး စစ်သည်တော်သည် ယောက်ျားမာန၊ ဘုန်းလက်ရုံးတို့ကို အလဲထိုးခံရခြင်း နှင့် စစ်မှူးရှုံးနိမ့်မှု အခြေအနေ တို့၏သင်္ကေတဖြစ်သည်။ [၆]

ဟန်ဒါဆန်ပြန်ပြောသော ဟတ်ချ်ကော့၏ဇာတ်လမ်းသည် အညှီအဟောက်ဆန်သလို အပါချီ၏ရုပ်ရည်ကို

ဆွဲဆောင်မှုနှင့်ရွံရှာဖွယ်ကို ပေါင်းစပ်ပြီး အာရုံပြုမိစေသည် ဟု အူဂို ဖရာကတ်စာက ယူဆသည်။ ဟတ်ချ်ကော့နှင့် အခြား အမေရိကန်မရိန်းတပ်သားများ သူမဆီးသွားစဉ် ထောက်လှမ်းခဲ့သည်ဟူသော အရေးအသားကြောင့် ဇာတ်လမ်းတွင် လိင်ပိုင်းဆိုင်ရာ ချောင်းကြည့်အာသာဖြေခြင်းပုံစံများပါဝင်သည်ဟုလည်း သူက ယူဆသည်။ ဟတ်ချ်ကော့ပြောပြသော အမျိုးသားများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပါအဝင် အပါချီ၏ရက်စက်ကြမ်းကြုတ်မှုသည် အမေရိကန်တို့၏ ဒေသခံအမျိုးသမီးများအပေါ် အမှန်တကယ်ကျူးလွန်ခဲ့သော မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ပြောင်းပြန်လှန်ထားခြင်းသာဖြစ်သည်ဟု သူကရှုမြင်သည်။ [၅]

ရေပန်းစားမှု ပြင်ဆင်ရန်

ဟတ်ချ်ကော့ပြောပြသော အပါချီနှင့် ရင်ဆိုင်ရခြင်းသည် ရာဇဝင်ရုပ်သံလိုင်း ၏ မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတွဲဖြစ်သော လက်ဖြောင့်:သေလမ်းနီးသော တာဝန်များ မှ အပိုင်းတစ်ခုအတွက် အခြေခံဇာတ်လမ်းဖြစ်သည်။ [၇] Full Metal Jacket ရုပ်ရှင်မှ အမျိုးသမီး လက်ဖြောင့်စစ်သည် သည် အပါချီ၏ဇာတ်လမ်းကို ဉာဏ်ကွန့်မြူးထားခြင်းဖြစ်သည်ဟု လမ်းဘတ်ကမြင်သည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. Marine Sniper: 93 Confirmed Kills။ 2001။ p. 94။ |archive-url= က |archive-date= ကို လိုအပ်သည် (အကူအညီ) တွင် မူရင်း |archive-url= က |url= ကို လိုအပ်သည် (အကူအညီ) အား မော်ကွန်းတင်ပြီး။
  2. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "A sniper's life"၊ 24 October 2002။ Archived from the original on 17 August 2011။ 
  3. ၃.၀ ၃.၁ ၃.၂ "Disease finds sniper Viet Cong didn't A soldier's story"။ 15 February 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 11 October 2018။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ Hanoi Jane: War, Sex, & Fantasies of Betrayal။ 2010။ pp. 103–118။
  5. ၅.၀ ၅.၁ ၅.၂ "Etica ed estetica del cecchino nella narrativa di Nicolai Lilin" (2015): 208–227. 
  6. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "Lady Gaga, guns and McChrystal"၊ 2010။ Archived from the original on 3 June 2022။ 
  7. "Stalking the Apache"။ |series= လွဲမှား သို့ မပါရှိ (အကူအညီ)