အပူပိုင်းဇုန်

အီကွေတာဝန်းကျင်ရှိ ကမ္ဘာ့ဒေသအပိုင်းအခြား
(အပူပိုင်းဒေသ မှ ပြန်ညွှန်းထားသည်)

အပူပိုင်းဇုန် ("Tropics") သည် မြောက်ယဉ်စွန်းတန်းနှင့် တောင်ယဉ်စွန်းတန်းအကြား အီကွေတာအနီး တည်ရှိသည့် ဒေသဖြစ်သည်။ အပူပိုင်းဇုန်တွင် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် မွန်းတည့်ချိန်၌ နေသည် ဦးခေါင်းပေါ် တည့်တည့်ရှိနိုင်သည့် ဧရိယာအားလုံး ပါဝင်သည်။

အပူပိုင်းဇုန်အား အနီရောင်ဖြင့် ပြသထားသည့် ကမ္ဘာ့မြေပုံ။
 
ဖိလစ်ပိုင်နိုင်ငံရှိ နေ့တစ်နေ့၏ မွန်းတည့်ချိန်တွင် နေသည် ဦးခေါင်းအပေါ် တည့်တည့်နီးပါး ရှိနေသည့်မြင်ကွင်း

အပူပိုင်းဇုန်တွင် တစ်နှစ်ပတ်လုံးနီးပါး ပူအိုက်ပြီး စိုစွတ်သည့် ရာသီဥတုရှိသည်။