အပ် ဦးပဲ့ထမ်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ချုပ်အပ်တစ်ချောင်းကိုပင် ဦးကတစ်ယောက် ပဲ့ကတစ်ယောက် ညီညီညွတ်ညွတ် ထမ်းသည်ဆိုသကဲ့သို့ အရာရာ၌ ညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်သည်ကို ဆိုလိုသည်။ အခြားဆိုလိုရင်းတစ်ခုမှာ အပ်တစ်ချောင်းကိုပင် မိမိတစ်ဦးတည်းဆိုလျှင် မထမ်းဘဲ သူ ဦးက ထမ်းမှ ကိုယ် ပဲ့က ထမ်းနိုင်မည်ဆို၍ တွက်ကတ်သကဲ့သို့ အသေးအမွှားကိစ္စများကိုပင် အချင်းချင်း တွက်ကတ် ကြေးတိုက်သည်ဟူ၍ ဖြစ်သည်။

ဆန့်ကျင်ဘက်အနက်ရှိသည့်အခြားစကားပုံ ပြင်ဆင်ရန်

ကတ်မည့်ကတ် အပ် ဦးပဲ့ထမ်း -နှင့် နှိုင်းယှဉ်။

နမူနာအသုံး ပြင်ဆင်ရန်

  • "မှုတော်ရေးရာ၊ ထွက်သောခါလျှင်၊ ညီညာချပ်ချပ်၊ တစ်ချောင်းအပ်ကို၊ ကြပ်ကြပ်ဦးပဲ့ထမ်းသကဲ့သို့၊" [၉၀၄] ဘုံ* ၈၅။
  • "တောသူတောင်သားတို့၏ အခြေအနေ တိုးတက်ရာ တိုးတက်ကြောင်းကို အပ်ဦးပဲ့ထမ်းသည့်အလား တွက်ကပ်၍ မနေဘဲ..." [၁၂၉၈] ပြုပြင်ရေး၊ ၁၊ ၁၁။ ၆၉။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၈၈