(၄)သုတ် ရှိပါသည်။

[၁] ဘုရား, တရား, သံဃာ-ဟူသော ရတနာသုံးပါး, သိက္ခာသုံးပါးတို့ကို မရိုမသေ အလေးအမြတ် မပြုပဲနေခြင်း၊ မလွန်ကျူးအပ်သော ဝေရ (သီလ) ငါးပါးကိုလွန်ကျူးခြင်း၊ (၆၂)ပါးသော မိစ္ဆာအယူကိုယူခြင်း၊ (၈)ခုမြောက်ဘဝ၌ ပဋိသန္ဓေနေခြင်း-ဟူသော သောတာပန်ပုဂ္ဂိုလ် မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။


[၂] သင်္ခါရတရားတစ်ပါးပါးကို နိစ္စ, သုခ, အတ္တဟု (ကပ်ရောက်ခြင်း) ရှူခြင်း၊ အာနန္ဒရိယကံငါးပါးကိုပြုလုပ်ခြင်း၊ အမြင် (ဒိဋ္ဌိ), အကြား (သုတ), အတွေ့ (မုတ) ကိုစွဲ၍ ကြံစည်အပ်သောမင်္ဂလာဖြင့် သံသရာမှစင်ကြယ်၏ဟု သိမြင်ခြင်း၊ ဤဘုရားရှင် သာသနာတော်မှ အပြင်အပ၌ မြတ်သောအလှူခံကို ရှာမှီးခြင်း-ဟူသော သောတာပန် ပုဂ္ဂိုလ်မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။


[၃] အာနန္ဒရိယငါးပါးကို ပြုလုပ်ခြင်း၊ ဘုရားရှင်မှ တပါးသောပုဂ္ဂိုလ်ကို မိမိဆရာ ဟုညွှန်ပြခြင်း-ဟူသော သောတာပန်ပုဂ္ဂိုလ်မဖြစ်မပြုမလုပ်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။


[၄] သောတာပန်အရိယာသာဝကသည် အကြောင်းတရား, အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့ကို (မှန်ကန်စွာ) သိမြင်ပြီးဖြစ်သောကြောင့် သုခ, ဒုက္ခကို ကိုယ်တိုင်ပြုအပ်၏-ဟူ၍၎င်း၊ သူတပါးသည်ပြုအပ်၏-ဟူ၍၎င်း၊ ကိုယ်တိုင်လည်း ပြုအပ်, သူတပါးတို့လည်းပြုအပ်၏-ဟူ၍၎င်း၊ သုခ, ဒုက္ခတို့သည် ကိုယ်တိုင်မပြု အကြောင်းကင်း၍ ဖြစ်၏-ဟူ၍၎င်း၊ ကိုယ်တိုင်လည်းမပြု သူတပါးလည်းမပြု အကြောင်းကင်း၍ ဖြစ်၏-ဟူ၍၎င်း (သိမြင်ခြင်းငှာ) ကပ်ရောက်ခြင်းငှာ မဖြစ်ထိုက်ဟု သောတာပန်အရိယာသာဝက မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၃၈၂။ အံ၊မြန်၊၂၊၄၈၂။ အံ၊ဋ္ဌ၊၃၊၁၄၀။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁၀-သီတိဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၂၊၃၈၂။ အံ၊မြန်၊၂၊၄၈၂။ -အင်္ဂုတ္တရနိကာယ၊ ... ၊ နဝမသုတ်။
  3. -အံ၊၂၊၃၈၃။ အံ၊မြန်၊၂၊၄၈၃။ -အင်္ဂုတ္တရနိကာယ၊ ... ၊ ဒသမသုတ်။
  4. -အံ၊၂၊၃၈၃။ အံ၊မြန်၊၂၊၄၈၃။ အံ၊ဋ္ဌ၊၃၊၁၄၁။ -အင်္ဂုတ္တရနိကာယ၊ ... ၊ ဧကာဒသမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ