(၂)သုတ် ရှိပါသည်။

[၁]ဘုရားရှင် မဟောအပ်, မမိန့်အပ်သည်ကို ဘုရားရှင်ဟောတော်မူအပ်, မိန့်တော်မူအပ်၏ဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်) ကြသောရဟန်းတို့သည် လူအများအစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုးစီးပွားမဲ့ရန်၊ နတ်, လူတို့ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောအကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏။ ဤသဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ကွယ်ပျောက် စေသူတို့လည်းဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] တထာဂတ အဘာသိတ အလပိတကို တထာဂတအဘာသိတ အလပိတဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံးနေ)ကြသော ရဟန်းတို့သည် လူအများတို့ကြီးပွား ချမ်းသာရန်၊ နတ်, လူတို့ချမ်းသာစေရန် ပြုကျင့်ကြသူတို့ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့်တည် တံ့စေသူတို့ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ အံ၊ဋ္ဌ၊၁၊၆၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ သတ္တတ္တိံသတိမသုတ်။
  2. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၁-အဓမ္မဝဂ္ဂ၊ ပဉ္စမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ