အဘိနိဝေသ
အဘိနိဝေသ သည် တံခါးတိုင်၊ ကျောက်စာတိုင်၊ မော်ကွန်းတိုင်များကဲ့သို့ မည်သည့်အကြောင်းနှင့်မျှ မလှုပ်မရှားနိုင်၊ ရွေ့မယိုင်သော ခိုင်မြဲစွာ စိုက်မြှုပ်တည်ထောင်ခြင်းကို ဆိုသည်။ အဘိနိဝေသသည် (၂) ပါးရှိသည်။ ၎င်း(၂)ပါးတို့မှာ
(၁) တဏှာဘိနိဝေသ
(၂) ဒိဋ္ဌာဘိနိဝေသ တို့ ဖြစ်ကြသည်။[၁]
တဏှာဘိနိဝေသ
ပြင်ဆင်ရန်မိမိကိုယ်ခန္ဓာကိုလည်းကောင်း၊ ကိုယ်ခန္ဓာ၏ အစိတ်ဖြစ်သော ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးစု၊ မျက်စိ၊ နား၊ နှာခေါင်း စသော အင်္ဂါငယ်စစုကို လည်းကောင်း၊ ငါ၏ ကိုယ်၊ ငါ၏ လက်၊ ငါ၏ ခြေ၊ ငါ၏ မျက်စိ၊ ငါ၏ နား အစရှိသည်ဖြင့် ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ သိမ်းပိုက်စွဲလမ်းမှုကြီးသည် တဏှာဘိနိဝေသ မည်သည်။[၁]
ဒိဋ္ဌိဘိနိဝေသ
ပြင်ဆင်ရန်သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည်ခံဖြစ်၍ အစဉ်အမြဲ ခိုင်မြဲသော အတ္တဟူသော အကြီးအမှူးသည် ရှိ၏။ ဇီဝဟူသော အချုပ်အထိန်းသည် ရှိ၏ဟု ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ မှတ်ယူစွဲလမ်းမှုကြီးသည် ဒိဋ္ဌာဘိနိဝေသ မည်သည်။
တဏှာဘိနိဝေသကို တဏှာနိဿယ၊ ဒိဋ္ဌိဘိနိဝေသကို ဒိဋ္ဌိနိဿယဟူ၍လည်း ခေါ်သည်။
ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၏ မှီခြင်းနှစ်ပါးဟူ၍လည်းကောင်း၊ ပုထုဇဉ်သတ္တဝါတို့၏ မှီရာဌာနကြီးနှစ်ပါးဟူ၍လည်ကောင်း ဆိုလိုသည်။[၁]
ကိုးကား
ပြင်ဆင်ရန်
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |