အဘိုးမေးရှိ တော်ဝင်နန်းတော်များ

အဘိုးမေးရှိ တော်ဝင်နန်းတော်များ သည် ဘီနင်နိုင်ငံ အဘိုးမေးမြို့ အလယ်ခေါင်ရှိ၄၀ ဟက်တာ (၁၀၀ ဧက) မျှ ကျယ်ဝန်းသော မြေနေရာပေါ်တွင် ပြန့်ကျဲနေသော နန်းတော် ၁၂ ခု ဖြစ်ပြီး ယခင်က အနောက်အာဖရိကရှိ ဒါဟိုမေးတိုင်းပြည်၏ မြို့တော်ဖြစ်ခဲ့သော နေရာ ဖြစ်သည်။ [][][] ထိုတိုင်းပြည်အား ၁၆၂၅ ခုနှစ်တွင် ဖုံလူမျိုးများမှ တည်ထောင်ခဲ့ပြီး သူတို့မှ အလွန်အားကောင်းသော စစ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဧကရာဇ်နိုင်ငံတော် ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ၁၉ ရာစုအထိ သူတို့၏ စစ်အတွင်း ဖမ်းမိသော သုံ့ပန်းများကို ကျွန်အဖြစ်ရောင်းချခြင်းဖြင့် ကျွန်ကမ်းရိုးတန်းတလျှောက်တွင် ဥရောပ ကျွန်ကုန်သည်များနှင့် ကုန်သွယ်မှုကို ကြီးစိုးခဲ့သည်။[] အထွဋ်အထိပ်သို့ ရောက်ရှိစဉ်က ထိုနန်းတော်များတွင် လူ ၈,၀၀၀ နေထိုင်နိုင်သည် အထိ ကျယ်ဝန်းခဲ့သည်။[]ဘုရင်၏ နန်းတော်တွင် ကောင်းရီဟောက်စ် သို့မဟုတ် အကူဟူး ဟု ခေါ်သော နှစ်ထပ်အဆောက်အဦး ပါဝင်သည်။ []၁၆၂၅ ခုနှစ် မှ ၁၉၀၀ အထိ ထီးနန်း စိုးစံခဲ့သော ဘုရင် ၁၂ ဦး ၏ လက်အောက်တွင် တိုင်းပြည်သည် အာဖရိက၏ အနောက်ဘက် ကမ်းရိုးတန်းတွင် အင်အားအကောင်းဆုံး တိုင်းပြည် အဖြစ် ရောက်ရှိအောင် တည်ထောင်နိုင်ခဲ့သည်။

အဘိုးမေးရှိ တော်ဝင်နန်းတော်များ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

အဘိုးမေးရှိ နန်းတော် ပုရဝုဏ်
တည်ရှိသည့် နိုင်ငံ  ဘီနင်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၃၂၃
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
အဘိုးမေး တော်ဝင်နန်းတော်Royal Palace of Abomey

ယူနက်စကို မှ နန်းတော်များအား အာဖရိကရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ထို့နောက်တွင် ၁၉၈၄ ခုနှစ် မတ်လ ၁၅ ရက်၌ လေဆင်နှာမောင်း တိုက်ခတ် ခံရပြီး တော်ဝင်နန်းတော်ဝင်းနှင့် ပြတိုက်များ အထူးသဖြင့် ဂူဇိုပေါ်တီကိုဘုရင်၊ အာဆင်ခန်းမများ၊ ဘုရင်၏ ဂူသင်္ချိုင်း နှင့် ရတနာခန်းတို့ ပျက်စီးခဲ့ပြီးနောက် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။ သို့သော်လည်း နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် ပြန်လည်ထားသိုခြင်း နှင့် ပြန်လည်တည်ဆောက်ခြင်းတို့ကို ပြုလုပ်ပြီးစီးခဲ့သည်။ ထိုပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သက်သော ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောက်ရွက်ခြင်းဆိုင်ရာ အစီရင်ခံစာကို ရရှိပြီးနောက် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ယူနက်စကိုမှ အဘိုးမေးရှိ တော်ဝင်နန်းတော်များအား စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းမှ ပယ်ဖျက်ခဲ့သည်။ []

ယနေ့တွင် ထိုနန်းတော်များတွင် လူနေထိုင်ခြင်း မရှိပေ။ ဂဲဇိုဘုရင်နန်းတော်၊ ဂလဲလေဘုရင် နန်းတော် နှင့် အဘိုးမေးသမိုင်းဝင်ပြတိုက်တို့မှာ တိုင်းပြည်၏ သမိုင်းကြောင်းကို ဖော်ပြနေသည့်အပြင် လွတ်လပ်လိုသော ဆန္ဒ၊ တော်လှန်တိုက်ခိုက်ခြင်းနှင့် ကိုလိုနီ ကျူးကျော်မှုအတွက် ပြန်လည်တိုက်ခိုက်ခြင်းတို့၏ ပြယုဂ် အဖြစ် ရှိနေသည်။


  1. Royal Palaces of Abomey။ Unesco.org။ 10 May 2011 တွင် ပြန်စစ်ပြီး။
  2. evaluation report on Royal Palaces of Abomey။ Unesco.org။ 10 May 2011 တွင် ပြန်စစ်ပြီး။
  3. Swadling၊ Mark (1992)။ Masterworks of man & nature: preserving our world heritage။ Harper-MacRae။ ISBN 978-0-646-05376-915 April 2011 တွင် ပြန်စစ်ပြီး
  4. Royal Palaces of Abomey, Benin Save Our History The History Channel. Accessed 14 January 2008
  5. Baker၊ Jonathan (1997)။ Rural-urban dynamics in francophone Africa။ Nordic Africa Institute။ p. 85။ ISBN 978-91-7106-401-115 April 2011 တွင် ပြန်စစ်ပြီး
  6. Stiansen၊ Endre; Guyer၊ Jane I. (1999)။ Credit, currencies, and culture: African financial institutions in historical perspective။ Nordic Africa Institute။ p. 30။ ISBN 978-91-7106-442-415 April 2011 တွင် ပြန်စစ်ပြီး
  7. Decision - 31COM 8C.3 - Update of the list of the World Heritage in danger - removal - Royal Palaces of Abomey, Río Plátano Biosphere Reserve, Kathmandu Valley, Everglades National Park။ Unesco.org။ 10 May 2011 တွင် ပြန်စစ်ပြီး။