အဘဲအခိရ

ဂျပန် အမျိုးသားစာရေးဆရာ

အဘဲအခိရ ( 阿部 昭, စက်တင်ဘာ ၂၂၊ ၁၉၃၄ - မေ ၁၉၊ ၁၉၈၉) သည် ဂျပန်အမျိုးသား ခေတ်ပေါ်စာရေးဆရာတစ်ဦး ဖြစ်သည်။

ဟီရိုရှီးမားတွင် မွေးဖွားခဲ့ပြီး သူ၏ အဖေသည် ထိုဒေသတွင် ရေတပ်အရာရှိတစ်ဦး ဖြစ်၏။ ထိုနေရာတွင် အခြေချနေခဲ့သည်။ သို့သော် သူ၏ ကလေးဘဝအချိန်များသည် ပင်လယ်ကမ်းခြေမြို့ ဖြစ်သည့် ခုဂဲနုမ တွင် ကုန်ဆုံးခဲ့သည်။

အဘဲအခိရ သည် တိုကျိုတက္ကသိုလ်မီ ပြင်သစ်စာပေဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၇၁ မတိုင်မီ သူသည် အချိန်ပြည့်စာရေးသူ ဖြစ်လာခဲ့သောအခါ ရုပ်သံထုတ်လွှင့်သည့် ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည်။

သူသည် စာပေအသက်မွေးမှုကို ကလေးအခန်း (ခိုဒိုမိုဘဲယ) စာအုပ်နှင့်အတူ ၁၉၆၂ တွင် စတင်ခဲ့သည်။ သူ၏ ဝတ္ထုများသည် ကိုယ်တိုင်ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပုံစံများဖြစ်ပြီး သူ၏ ဘဝတွင် ဖြစ်ပျက်မှုများနှင့် သူ့မိသားစု၏ ရှင်သန်နေထိုင်မှုများပေါ်တွင် အခြေခံထားသည်။ သူ၏ ဝတ္ထုတို Peaches ကို ၁၉၇၂ တွင် ထုတ်ဝေခဲ့ပြီး စာစုပေါင်းများစွာ ပါဝင်သည်။ Peaches သည် စာရေးသူ၏ မေးခွန်းများပါဝင်သည့် ဇာတ်လမ်းဖြစ်သည်။ ထိုစာအုပ်သည် သူ၏ လက်ရာများတွင် အဓိကအကျဆုံးသည့် ဖန်တီးမှုလည်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်