အရှင်အမ္ဗဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

အနောမဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အနောမဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်အမ္ဗဒါယကထေရ် သည် ဟိမဝန္တာတောင်တွင် မျောက်ဖြစ်နေ၏။ ထိုမျောက်သည် တောင်ကြား၌ မေတ္တာဘာဝနာပွားများနေသော မြတ်စွာဘုရားအား သရက်သီးမှည့်ကို ခူးကာ လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ လှူဒါန်းခဲ့ရသည့် အကျိုးကျေးဇူးကြောင့် ငါးဆယ့်ခုနစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏။ ကြွင်းသော ကမ္ဘာတို့တွင် လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်ခဲ့ရ၏။ တစ်ရ့ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင် “အမ္ဗဋ္ဌဇ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အမ္ဗဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်