အမ်ကျုဘ်
အမ်ကျုဘ် (အင်္ဂလိပ်: mTube) သည် ဗွီဒီယိုဖိုင်များကို အင်တာနက်ပေါ်သို့ လွှင့်တင်ရသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်နည်းတူ အမ်ကျုပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များကို လွှင့်တင်ပြီး နိုင်ငံသူနိုင်ငံသားများအား ဗဟုသုတများစွာကို ပေးနိုင်ရန်နှင့် ဝါဒဖြန့်နိုင်ရန် လုပ်ဆောင်နေသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။
အမှတ်တံဆိပ် (၂၀၂၂) | |
ဝဘ်ဆိုဒ် အမျိုးအစား | ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု |
---|---|
ဖတ်ရှုရရှိနိုင်မှု | မြန်မာဘာသာ |
တည်ထောင် | ၂၀၂၂ |
ဌာနချုပ် | , |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှမ်း |
တည်ထောင်သူများ | ပြန်ကြားရေးဝန်ကြီးဌာန |
အရေးပါ ပုဂ္ဂိုလ်များ | မောင်မောင်အုန်း |
လုပ်ငန်း | အင်တာနက် ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု |
မိခင်ကုမ္ပဏီ | ပြန်ကြားရေးဝန်ကြီးဌာန (၂၀၂၂-လက်ရှိ) |
ဝဘ်ဆိုဒ် | mtube.gov.mm |
မှတ်ပုံတင်ခြင်း | Optional (ဗွီဒီယိုအများစုကြည့်ရှုရန်အတွက် မှတ်ပုံတင်ရန်မလို။ ဗွီဒီယိုလွှင့်တင်ခြင်း၊ ၁၈နှစ်အထက် ဗွီဒီယိုများကြည့်ရှုခြင်း၊ playlist ဖန်တီးခြင်းနှင့် မှတ်ချက်များပေးရန် စသည်တို့အတွက် မှတ်ပုံတင်ရန်လိုအပ်) |
လွှင့်တင်ခြင်း | - |
လက်ရှိ အခြေအနေ | စမ်းသပ်ဆဲ |
အကြောင်းအရာ လိုင်စင် | - |
အသုံးပြုထားသည့် ပရိုဂရမ်းမင်း | - |
အမ်ကျုဘ်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ထားသည်။
သမိုင်း
ပြင်ဆင်ရန်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဖြစ်စဉ် အပြီးတွင် အစိုးရပိုင်မီဒီယာဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတို့၏ ယူကျုဘ်ချန်နယ်များကို ဂူဂယ်မှ ပိတ်ပင်ခဲ့သည်။[၁] ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖေ့စ်ဘွတ်ခ်၊ ယူကျု(ဘ်)စအရှိသော ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း များ ကြုံတွေ့နေရသည့်အတွက် ယူကျု(ဘ်)ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေခြင်းဖြစ်သည်။[၂]
အမ်ကျုဘ်ကို United Info-Sec ကုမ္ပဏီမှ နည်းပညာကဏ္ဍကို ဦးဆောင်ရေးဆွဲနေခြင်းဖြစ်သည်။[၃]