အမ်ပါရာငြိမ်းချမ်းရေးစေတီတော်

အမ်ပါရာငြိမ်းချမ်းရေးစေတီတော် (အမ်ပါရာသာမာစေတီတော် ဟုလည်း သိကြ) သည် ကမ္ဘာတစ်ဝန်းတွင် တည်ထားကိုးကွယ်သည့် ငြိမ်းချမ်းရေးစေတီတော်များထဲမှ တစ်ခုလည်း ဖြစ်သည။ ဒုတိယကမ္ဘာစစ်ကတည်းက တည်ထားခဲ့ခြင်း ဖြစ်ကာကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးကို ရည်စူးကာ တည်ထားသည်။ သီရိလင်္ကာနိုင်ငံ၊ အရှေ့စီရင်စုရှိ မြို့ငယ်တစ်ခုဖြစ်သည့် အမ်ပါရာတွင် တည်ရှိသည်။ ဤစေတီတော်သည် အမ်ပါရာမြို့၏ အမှတ်အသားသင်္ကေတတစ်ခုလည်း ဖြစ်သည်။

အမ်ပါရာငြိမ်းချမ်းရေးစေတီတေ
အချက်အလက်များ
ကိုဩဒိနိတ်7°17′07″N 81°39′14″E / 7.2852855°N 81.6539499°E / 7.2852855; 81.6539499 (Ampara Peace Pagoda)
ဘာသာရေး နှီးနွယ်မှုBuddhism
နိုင်ငံSri Lanka
ဗိသုကာ
တည်ထောင်သူNichidatsu Fujii
ပြီးစီး1988

သီရိလင်္ကာတွင် တည်ထားသည့် ငြိမ်းချမ်းရေးစေတီတော်သည် နောက်ထပ် လေးခု ဖရှိသည်။ ၎င်းတို့မှာ Unawatuna, Adam's Peak, Bandarawela and Walapane တို့တွင် တည်ရှိသည်။[၁]

သမိုင်း ပြင်ဆင်ရန်

အမ်ပါရာငြိမ်းချမ်းရေးစေတီတော်ကို နစ်ပွန်ဇန်ရဟန်းများက နိချိဒဆုဖုဂျိ၏ လမ်းညွှန်မှုအောက်တွင် တည်ဆောက်ခဲ့ကြသည်။ စေတီတော်ကို ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သီရိလင်္ကာသမ္မတ Junius Richard Jayewardene စေတီတော်ကို ဖွင့်လှစ်ပေးခဲ့သည်။[၂][၃]

ကျောင်းတော် ပြင်ဆင်ရန်

စေတီတော်သည် Inginyagala သို့ ဦးတည်သွားသည့် နာရီမျှော်စင်မှ ampara DS Senanayake လမ်းမှ လေးကီလိုမီတာအကွာတွင် တည်ရှိသည်။ စေတီတော်တွင် ဘုရားတစ်ဆူ၊ မဟာယာနပုံစံ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ဗောဓိပင်ငယ်တစ်ပင်တို့ ပါဝင်သည်။ စေတီတော်တွင် အရံစေတီတော် ၉၉ ဆူ ရှိသည်။ အဝင်ပေါက်မှ စေတီအထိ အဝင်လမ်းရှည်တည်ရှိသည်။[၄]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်