အမ်ပဲဒါကလီးဇ် (အင်္ဂလိပ်: Empedocles /ɛmˈpɛdəklz/; ဂရိ: Ἐμπεδοκλῆς တမ်းပလိတ်:IPA-grc, Empedoklēs; c. 494 – c. 434 BC, fl. 444–443 BC)[၇] သည် ဆိုကရေးတီး မတိုင်မီ ဂရိအတွေးခေါ်ဆရာတစ်ဦးဖြစ်၍ စစ္စလီကျွန်းရှိ အကရာဂါ့စ်မြို့သားတစ်ဦးဖြစ်သည်။[၈][၉] အမ်ပဲဒါကလီးဇ်၏ အတွေးခေါ်များသည် ဓာတ်ကြီးလေးပါးဆိုင်ရာ စကြဝဠာ၏ ဇာစ်မြစ်သဘောတရားများ စတင်ဖော်ထုတ်ခဲ့ခြင်းကြောင့် လူသိအများဆုံးဖြစ်သည်။ ၎င်းက ချစ်ခြင်းတရားနှင့် ပဋိပက္ခတရားနှစ်ခုတို့သည် ဓာတ်များကို ရောနှောစေသည်၊ ကွဲကွာစေသည်ဟု အဆိုပြုခဲ့လေသည်။

အမ်ပဲဒါကလီးဇ်
၁၇ ရာစု ရုပ်ပုံမှ အမ်ပဲဒါကလီးဇ်
မွေးဖွားc. 494 BC[၁]
Akragas, Magna Graecia
ကွယ်လွန်c. 434 BC[၁] (aged around 60)
မသိရှိ [မှတ်စု ၁]
ခေတ်ဆိုကရေးတီးမတိုင်မီ ဒဿန
ဒေသအနောက်တိုင်း ဒဿန
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)အတူယှဉ်တွဲနေထိုင်မှုဂိုဏ်း
အဓိက စိတ်ဝင်စားရာ
စကြဝဠာဇာစ်မြစ်, ယထာဘူတသဘောတရား, အသိဉာဏ်ဆိုင်ရာ ဒဿန
မှတ်သားလောက်သည့် အတွေးအကြံ
အရာရာကို ဓာတ်လေးပါးဖြင့်ဖွဲ့သည်။ မြေ၊ ရေ၊ လေ၊ မီးတို့ဖြစ်သည်။[၃]
ပြောင်းလဲမှုနှင့် ရွေ့လျားမှု[၄] တို့သည် အထည်ဒြပ်၊[၅] ချစ်ခြင်းတရား၊[၆] (အဖရိုဒိုက်တီ)[၆] နှင့် ပဋိပက္ခတရား[၆] တို့ကြောင့် ဖြစ်သည်။
အမ်ပဲဒါကလီး၏ စက်လုံး
ဆဲလ်တို့၏ အသက်ရှုခြင်းသဘောတရားများ (ရေဖြင့် အချိန်တိုင်းကိရိယာစမ်းသပ်ချက်)
အမြင်ဆိုင်ရာ ထုတ်လွှင့်မှုသီအိုရီ

ပိုက်သာဂိုးရပ်စ်၏ ဩဇာသက်ရောက်မှုရှိကာ ပိုက်သာဂိုးရပ်စ်ဝါဒီဖြစ်သော အမ်ပဲဒါကလီးဇ်သည် တိရစ္ဆာန်ယစ်ပူဇော်မှုဓလေ့၊ အစားအစာအတွက် တိရစ္ဆာန်သတ်ခြင်းများကို စိန်ခေါ်ခဲ့ပြီး ထင်ရှားခဲ့သော ပြန်လည်ဝင်စားခြင်းဆိုင်ရာ အယူဝါဒကို ဖွံ့ဖြိုးစေခဲ့သူလည်းဖြစ်၏ ။ ၎င်း၏ စိတ်ကူးအယူအဆများကို စကားပြေဖြင့် မှတ်တမ်းတင်ခဲ့သော နောက်ဆုံးဂရိဒဿနပညာရှင်ဟု ယေဘုယျအနေဖြင့် ယူဆကြလေသည်။ ၎င်း၏ လက်ရာအချို့ရှင်သန်ကျန်ရစ်ရာ ဆိုကရေးတီးမတိုင်မီ အခြားသောသူများ၏ လက်ရာများထက် ပိုများကြောင်းတွေ့ရသည်။ အမ်ပဲဒါကလီးဇ်၏ သေဆုံးခြင်းကိုပင် ရှေးခေတ်စာရေးဆရာများက ဒဏ္ဍာရီသဖွယ် တင်စားခဲ့ကြပြီး များစွာသော စာပေလက်ရာများ၏ အကြောင်းအရာတစ်ရပ်လည်းဖြစ်လာခဲ့ပေသည်။

မှတ်စု ပြင်ဆင်ရန်

  1. "Empedokles did not die in Sicily, but in the Peloponnese, or, perhaps, at Thourioi."[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wright၊ M. R. (1981)။ Empedocles: The Extant Fragments။ Yale University Press။ p. 6။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Burnet 1930, pp. 202–203.
  3. Burnet 1930, pp. 228.
  4. Burnet 1930, pp. 231-232.
  5. Burnet 1930, p. 232.
  6. ၆.၀ ၆.၁ ၆.၂ Burnet 1930, pp. 208.
  7. Burnet 1930, p. 198.
  8. Zeller၊ Eduard (1881)။ A History of Greek Philosophy from the Earliest Period to the Time of SocratesII။ ဘာသာပြန်သူ Alleyne၊ S. F.။ London: Longmans, Green, and Co.။ pp. 117–118။
  9. Burnet 1930, p. 197.