အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ၂၀၂၁ မတ်လ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။မတ်လ၃၁ ရက်တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့သည်။မေလ၂၄ရက်နေ့မှစ၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြန်လည်သုံးသပ်လျက် ရှိသည်။၂၀၂၂ ဇန်နဝါရီလ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပြည်သူ့ညီလာခံ ကျင်းပ၍ သုံးသပ်ထားသော ပဋိညာဉ်ကို အတည်ပြုသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ကောင်စီတွင်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ

နိုင်ငံရေးပါတီများ

ဖက်ဒရယ်ယူနစ်၊လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

သပိတ်ကော်မတီများ၊CDMလှုပ်ရှားမှုတွင်ပါဝင်သူများ၊အရပ်ဘက်အဖွဲ့အစည်းများ(အမျိုးသမီး၊လူငယ်အဖွဲ့အစည်းများ)ပါဝင်သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင်KNU,CNF,KNPP,ABSDFအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ပါဝင်သည်။ NUCCတွင်အဖွဲ့အစည်းပေါင်း၃၃ဖွဲ့မှလူပုဂ္ဂိုလ်များပါဝင်သည်။

ထိုကောင်စီ ၏အကြီးတန်းခေါင်းဆောင်သည်မင်းကိုနိုင် ဖြစ်နိုင်ချေရှိသည်ဟုအများကယုံကြည်ထားကြသည်။