အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: National Democratic Alliance Army; အတိုကောက် NDAA),[၁] သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS))၊ (ရှမ်းပြည်အရှေ့ပိုင်း တပ်မတော်)[၂] ဟူ၍လည်း ခေါ်သည်။ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် အခြေစိုက်သည်။[၃]
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် | |
---|---|
အင်္ဂလိပ် အမည် | National Democratic Alliance Army-Eastern Shan State (NDAA-ESS) |
နာယက | ဦးစိုင်းလင်း |
အထွေထွေ အတွင်းရေးမှူး | Sao Hsengla |
ဒုဥက္ကဋ္ဌ | ဦးစံဖဲ |
တည်ထောင်ခြင်း | ၁၉၈၉ |
ခွဲထွက် | ဗမာပြည် ကွန်မြူနစ်ပါတီ |
ဌာနချုပ် | မိုင်းလားဒေသ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
အရောင် | အဝါ၊ အစိမ်း နှင့် အနီ |
သမိုင်းကြောင်း
ပြင်ဆင်ရန်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ NDAA and UWSA deny involvement in Mekong incident။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
- ↑ The National Democratic Alliance Army-Eastern Shan State။ 18 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Another wrong turn in Mong La။ 3 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။