အမျှဝေ
အမျှဝေခြင်းဟူသည်_ ကုသိုလ်အဖို့ အစုကို ပေးဝေခြင်း- ပေးဝေကြောင်း စေတနာကို ခေါ်သည်။
ကုသိုလ်တရားတို့ဖြစ်ရာကို “ ပုညကြိယာ” ဟုခေါ်သည်။ ထိုကုသိုလ်တရားဖြစ်ရန် တရားသည် (၁၀)ပါး ရှိပါသည်။
၁။ ဒါန = ပေးကမ်းစွန့်ကြဲမှု
၂။ သီလ = ကာယကံ ဝစီကံတို့ကိုစောင့်ရှောက်မှု
၃။ ဘာဝနာ = သမထ ဝိပဿနာ့ပွားများမှု
၄။ အပစာယန = ကြီးသူကို ရိုသေလေးစားမှု
၅။ ဝေယျာဝစ္စ = အမှုကောင်းကို ဆောင်ရွက်မှု
၆။ ပတ္တိဒါန = ကုသိုလ်အဖို့ကို အမျှပေးဝေမှု
၇။ ပတ္တာနုမောဒန = အမျှပေးသည်ကို သာဓုခေါ်မှု
၈။ ဓမ္မသဝနာ = တရားနာကြားမှု
၉။ ဓမ္မဒေသနာ = တရားဟောမှု
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဖြောင့်မှန်မှု
ပတ္တိဒါန (အမျှဝေမှု)
ပြင်ဆင်ရန်ယင်းကုသိုလ်ဖြစ်ရာ (၁၀) ပါးတွင် ကုသိုလ်အဖို့ကို အမျှပေးဝေမှုဟူသော “ပတ္တိဒါန” ကုသိုလ်ပါဝင်သည်။ ပတ္တိဒါနဟူသည် မိမိရအပ်ပြီးသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့နှင့် အညီအမျှဝေခြမ်း၍ ဆက်ဆံအောင်ပြုမှုဟူ၍ အဘိဓမ္မာ၌ ဖွင့်ဆိုထားပါသည်။
ပတ္တိဒါန (၂) မျိုး
ပြင်ဆင်ရန်(၁) ဥဒ္ဒိဿိက ပတ္တိ။ ။ ရည်ညွန်းကွက်ခြား၍ ပေးပို့အပ်သောကုသိုလ်အဖို့၊ သေသူကို ရည်ညွှန်း၍ ပေးလှူပြီးနောက် ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းမျိုးဖြစ်သည်။
(၂) အနုဒ္ဒိဿိ ပတ္တိ။ ။ မည်သူ့ကိုမျှ မရည်ညွှန်းဘဲ ကုသိုလ်အဖို့ကို ပေးဝေခြင်း။
ထိုကုသိုလ် အဖို့ဘာဂကို အမျှပေးဝေခြင်းသည် မိမိ အတွက် ကုန်ခမ်းသွားသည်ဟူ၍ မရှိပေ၊ ဆီမီးတိုင်မှ ဆီမီးကို အခြားဆီမီးတိုင်သို့ ကူးသောအခါ မူလဆီမီးလည်း မကုန်ခမ်း၊ အလင်းရောင်သည်သာ ပိုမိုများပြားပြီး လင်းဝေဖြာ သကဲ့သို့ ကုသိုလ်အဖို့ဘာဂ အမျှပေးဝေသူသည် မိမိကုသိုလ်လည်း မကုန်ခမ်းသည့်ပြင် ကုသိုလ်အဖို့ကို သူတကာအား အမျှပေးဝေသဖြင့် ကုသိုလ်တွေသာ များများလာရပါသည်။
သို့အတွက် ကုသိုလ်ပြုသူတို့သည် မိမိ၏ ကုသိုလ်ကို အခြားသူများအား အမျှပေးဝေခြင်းကို ဝန်မလေးသင့်ကြပါ။
အမျှရ၍ ချမ်းသာခြင်း (၂) မျိုး
ပြင်ဆင်ရန်အမျှရ၍ ချမ်းသာရာတွင် (၂) မျိုးရှိပါသည်။
(၁) ဤ လူ့ဘဝတွင် နေ့စဉ် သူတစ်ပါးက ပြုလုပ်သော ကုသိုလ်အမျှဝေ၍ မိမိက ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုသဖြင့် ထိုပတ္တာနုမောဒန ကုသိုလ်ဖြင့် နတ် ပြည် စသည့် သုဂတိဘုံသို့ ရောက်ရှိပြီး ကောင်းကျိုး ချမ်းသာ ခံစားရသောသူများ၊
(၂) တမလွန် ဘဝကူးပြီးနောက် ပရဒတ္တူ ပြိတ္တာ (အမျှ ဝေ၍ သာဓုခေါ်နိုင်သော ပြိတ္တာ) မျိုး၌ဖြစ်၍ လူတို့က ကုသိုလ်ပြုအမျှပေးဝေ၍ သာဓုခေါ်ဆိုနိုင်ပြီး နတ်ဘဝ သို့ ကူးပြောင်းရောက်ခြင်း၊ ထိုပြိတ္တာဘဝမှာပင် အစား အသောက်၊ အဝတ်အစား၊ အနေအထိုင် ပြည့်စုံစွာ နေရခြင်းစသော ကောင်းကျိုးချမ်းသာခံစားရသော သူများ။[၁]
ဘယ်လို လှူ၍ ဘယ်သူ ရသလဲ
ပြင်ဆင်ရန်“ဤအလှူဒါနကို ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ သုံးဆောင်ကြပါစေ ကုသိုလ် အမျှ ရကြပါစေ”ဟု ကွယ်လွန်သူကို ရည်စူး၍ ပေးလှူခဲ့လျှင် ယင်း ကွယ်လွန်သူသည် မကောင်းမှု ဒုစရိုက်ကို ပြုကျင့်၍ ငရဲ့ တိရစ္ဆာန်ဘဝတို့၌ ဖြစ်ခဲ့သော်၎င်း မကောင်းမှု ဒုစရိုက်မှ ရှောင်ကြဉ်ခဲ့သဖြင့် လူ, နတ်-ဘဝတို့၌ ဖြစ်ခဲ့သော်၎င်း ရည်စူးသည့်အတိုင်း အလှူဒါနကို မသုံးဆောင် မခံစားရ၊ ပြိတ္တာ ဘဝ၌ ဖြစ်မှသာ အလှူဒါနကို သုံးဆောင် နိုင်ခွင့်ရှိသည်။ ကွယ်လွန်သူသည် ပြိတ္တာဘဝ၌ မဖြစ်ခဲ့သော် အဘယ်သူတို့ အလှူဒါနကို သုံးဆောင် ခံစားပါအံ့နည်း? ဟူမူ ဤမျှ ရှည်လျားလှစွာသော အချိန်အခါဝယ် ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာ အရပ် ဌာန-ဟူ၍ မရှိနိုင်ပြီ၊ သို့ဖြစ်၍ တစ်ပါး တခြားသော ဆွေမျိုးပြိတ္တာများ သုံးဆောင် နိုင်ကြသည်။ [၂]
ရနိုင်သော အင်္ဂါ
ပြင်ဆင်ရန်ယင်းသို့ ပြိတ္တာဘဝ ဖြစ်ရာ၌ လည်း—
သီလရှိသူကို လှူပါ
ပြင်ဆင်ရန်အခါတစ်ပါး “ဝဍ္ဎမာန”အရပ်၌နေသော မုဆိုးတစ်ယောက်သည် ပြိတ္တာတို့ကို ရည်စူး၍ အလှူဒါနပြုရာ ၃-ကြိမ်တိုင်တိုင် ဒုဿီလ ပုဂ္ဂိုလ်အား လှူမိသဖြင့် နောက်ဆုံးအကြိမ်၌ ပြိတ္တာက “ဒုဿီလပုဂ္ဂိုလ်က ငါ့ဟာတွေကို လုယူထားသည်”ဟု ဟစ်အော်လေသည်။ ယင်းသို့ ဟစ်အော်ခါမှ သီလဝန္တရဟန်းတော် တစ်ပါးအား ပင့်၍ လှူဒါန်းပြီးလျှင် အမျှ ပေးဝေသည်နှင့် တပြိုင်နက် ပြိတ္တာသည် အကျိုးခံစားရလေသည် [၄]။[၂]