အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကို အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။
ယခင် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန
- ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန
- ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း
- စီမံကိန်းနှင့် ဓာတ်အားထုတ်လုပ်မှု စီမံရေးဌာနခွဲ တို့ဖြစ်သည်။
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၅)ရုံကို မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ၁၄၄၁မဂ္ဂါဝပ်ထုတ်လုပ်ပေးခဲ့သည်။
စဉ် | ဓာတ်အားပေးစက်ရုံအမည် | စက်တပ်ဆင်အားမဂ္ဂါဝပ် | ပြီးစီးသောခုနှစ် |
---|---|---|---|
၁။ | ဘီလူးချောင်း(၂) | ၁၆၈ | ၁၉၇၄ |
၂။ | ကင်းတား | ၅၆ | ၁၉၈၅ |
၃။ | ဆည်တော်ကြီး | ၂၅ | ၁၉၈၉ |
၄။ | ဘီးလူးချောင်း(၁) | ၂၈ | ၁၉၉၂ |
၅။ | ဇော်ဂျီ(၁) | ၁၈ | ၁၉၉၅ |
၆။ | ဇော်ဂျီ(၂) | ၁၂ | ၁၉၉၈ |
၇။ | ဇောင်းတူ | ၂၀ | ၂၀၀၀ |
၈။ | သဖန်းဆိပ် | ၃၀ | ၂၀၀၂ |
၉။ | မုန်း | ၇၅ | ၂၀၀၄ |
၁၀။ | ပေါင်းလောင်း | ၂၈၀ | ၂၀၀၅ |
၁၁။ | ရဲနွယ် | ၂၅ | ၂၀၀၇ |
၁၂။ | ခပေါင်း | ၃၀ | ၂၀၀၈ |
၁၃။ | တီကျစ်(ကျောက်မီးသွေး) | ၁၂၀ | ၂၀၀၅ |
၁၄။ | ကျိုင်းတောင်း | ၅၄ | ၂၀၀၉ |
၁၅။ | ရွှေလီ(၁) | ၅၀၀ | ၂၀၀၉ |
စုစုပေါင်း | ၁၄၄၁ |