အယာတိုလာ အလီ ခါမေနီ

အီရန်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်

အယာတိုလာ အလီ ခါမေနီ (၁၉ ဧပြီ ၁၉၃၉ ဖွား) သည်[] အီရန်နိုင်ငံ ၏ အာဏာအရှိဆုံးပုဂ္ဂိုလ် နှင့် အထွတ်အမြတ် ဘာသာရေးခေါင်းဆောင် တစ်ဦး ဖြစ်သည်။သူသည် အီရန်၏ ဒုတိယ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အီရန်နိုင်ငံ၏ တတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။သူ့ကို အရှေ့အလယ်ပိုင်းဒေသ တွင် သက်တမ်းအရှည်ကြာဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် လည်းကောင်း သတ်မှတ်ထားကြသည်။


အယာတိုလာ အလီ ခါမေနီ
Ayatollah Ali Khamenei
علی خامنه‌ای
အယာတိုလာ အလီ ခါမေနီ အား မြင်တွေ့ရစဉ် (၂၀၂၄)
ဒုတိယမြောက် အီရန်၏ ထိပ်တန်းခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၆ ဩဂုတ် ၁၉၈၉
သမ္မတ
ယခင်လူအာယတိုလာ ခိုမေနီ
အီရန်နိုင်ငံ ၏ တတိယမြောက် သမ္မတ
တာဝန်သက်တမ်း
၉ အောက်တိုဘာ ၁၉၈၁ – ၁၆ ဩဂုတ် ၁၉၈၉ []
ယခင်လူMohammad-Ali Rajai
ဆက်ခံသူAkbar Hashemi Rafsanjani
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1939-04-19) ၁၉ ဧပြီ၊ ၁၉၃၉ (အသက် ၈၅)
အီရန်နိုင်ငံ
သားသမီး၆ ဦး
ဝက်ဘ်ဆိုဒ်english.khamenei.ir
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ အီရန်
တပ်/တပ်ဖွဲ့ခွဲအစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့
အမှုထမ်းကာလ၁၉၇၉–၁၉၈၀,၁၉၈၀–၁၉၈၁
တိုက်ပွဲ/စစ်ပွဲများအီရန် - အီရတ် စစ်ပွဲ (၁၉၈၀-၁၉၈၈)

ငယ်ဘဝနှင့် ပညာရေး

ပြင်ဆင်ရန်

အီရန်နိုင်ငံ မပေါ်ထွန်းမီ ပါရှန်းဒေသ၊ပါရှန်းလူမျိုး တို့၏ အထွတ်အမြတ်ထားရာ သန့်ရှင်းသော နယ်မြေ တွင် ၎င်းအား မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။ ခါမေနီ၏ပညာရေးကို လေးနှစ်သားအရွယ်တွင် ကုရ်အာန် သင်ယူခြင်းဖြင့် စတင်ခဲ့သည်။ဘာသာရေးစာပေများအား အဆင့်ဆင့်လေ့လာသင်ယူပြီးနောက် သူသည် အခြားသော နိုင်ငံရေးတက်ကြွသော ဘာသာရေးဆရာများကဲ့သို့ပင် ဘာသာရေးပညာသင်ကြားခြင်းထက် နိုင်ငံရေးတွင် ပိုမိုပါဝင်ပတ်သက်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှုများ

ပြင်ဆင်ရန်

ခါမေနီသည် အီရန်တော်လှန်ရေးတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အီရန်နိုင်ငံ ၏ ပထမခေါင်းဆောင် အာယတိုလာ ခိုမေနီ ၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည်။အီရန်နိုင်ငံ သည် အစ္စလာမ္မစ်သမ္မတနိုင်ငံ တည်ထောင်ချိန်မှစ၍ ခါမေနီသည် အစိုးရရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။၁၉၈၁ ခုနှစ်တွင် ခါမေနီသည် အီရန်သမ္မတရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် နိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်လာခဲ့သည်။နိုင်ငံ၏ သမ္မတ အဖြစ် ၁၉၈၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ယင်းနောက် ထိုကာလနောက်ပိုင်းက စပြီး နိုင်ငံ၏ အထွတ်အထိပ်ရာထူး ကို ယနေ့အထိ တာဝန်ယူနေသည်။

ရယူထားသည့် တာဝန်များ

ပြင်ဆင်ရန်

သူသည် အီရန်နိုင်ငံ ၏ နိုင်ငံ့ဥသျှောင် ဖြစ်သကဲ့သို့ ကာကွယ်ရေးဦးစီးချုပ် တာဝန် အပြင် ရဲတပ်ဖွဲ့ အပါအဝင် သာသာရေးရဲတပ်ဖွဲ့ နှင့် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် ( IRGC )တို့ အပေါ် လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ ရှိသူဖြစ်သည်။[]

  1. letter to Hashemi Rafsanjani and resignation from presidency (in fa)။ Khamenei.ir (16 August 1989)။ 17 July 2018 တွင် ပြန်စစ်ပြီး။
  2. Biography of Ayatollah Khamenei the Leader of the Islamic Revolutionkhamenei.ir။ 8 Aug 2024 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံကို အဓိကအုပ်ချုပ်နေတာ ဘယ်သူလဲBBC Burmese (၂၀ မေ ၂၀၂၄)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။