အယူသည်းခြင်းဆိုသည်မှာ သဘာဝလွန်အဖြစ်အပျက်များကို ရိုးရာအစဉ်အလာအားဖြင့်သို့မဟုတ် မသိလိုက်မသိဖာသာ ယုံကြည်လက်ခံကျင့်သုံးခြင်းပင်ဖြစ်သည်။ အချို့သော ထုံးတမ်းစဉ်လာများမှာ အယူသည်းခြင်းများနှင့် ဆက်စပ်နေသော်လည်း အယူသည်းခြင်း မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အဖြစ်ပြုလုပ်နေခြင်းမျိုးလည်း ရှိသည်။

နိုင်ငံတကာမှ အယူသည်းခြင်းများ ပြင်ဆင်ရန်

၁၃ ဂဏန်းနှင့် ဆက်စပ်သော အယူသည်းခြင်း ပြင်ဆင်ရန်

ခရစ်တော် သည် နောက်ဆုံးညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့် အတူ ညစာစားခဲ့သည်။ ထို့ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသော ဂဏန်းအဖြစ် လူအများစုက လက်ခံကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်း ၁၃ ရသော အခန်းနံပါတ် ထားလေ့မရှိကြပေ။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအဝင် အချို့ ဟိုတယ်များတွင် ၁၃ ထပ်ကို ပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းရေးလေ့ရှိသည်။

အသုဘအခမ်းအနားများမှ အယူသည်းခြင်း ပြင်ဆင်ရန်

အသုဘ အခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသည်းခြင်းမှ ဆင်းသက်လာသော ထုံးတမ်းအစဉ်အလာဖြစ်သည်။ အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ ဝိဉာဉ်ကို လွတ်ထွက်မသွားအောင် ချုပ်တည်းနိုင်သည် ဟု ရှေးယခင်အချိန်များက ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေ သူရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကို ဂုဏ်ပြုသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။

လှေကားအောက်မှဖြတ်လျှောက်ခြင်း ပြင်ဆင်ရန်

အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်အချခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။

အခြားသော အယူသည်းခြင်းများ ပြင်ဆင်ရန်

  • မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင်များကို တစ်ချက်တည်းမှုတ်နိုင်ပါက ဆုတောင်းပြည့်မည်ဟု ယူဆခြင်း။
  • လက်ထပ်လက်စွပ်ကို ချွတ်မိပါက ကံမကောင်းဟု ယူဆခြင်း။

မြန်မာတို့၏ အယူသည်းခြင်းများ ပြင်ဆင်ရန်

  • လယ်တွင်းကိုးခရိုင်ဒေသ (ကျောက်ဆည် ပြင်ဦးလွင်တို့ပါဝင်သည်။) တွင် လူ ၉ ယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြခြင်း။
  • ခရီးသွားရာတွင် ရောက်မည့်အချိန်ကို မခန့်မှန်းကောင်း ဟု ယုံကြည်ကြခြင်း။
  • ညဘက်တွင် အိမ်ထဲ၌ ခြေသည်းလက်သည်း မညှပ်ကောင်းဟု ယုံကြည်ကြခြင်း။

ကိုးကား ပြင်ဆင်ရန်