အယောင်ဆောင်ခြင်း ပြင်ဆင်ရန်

ရှေးအခါက တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် စစ်မက်အဂ‡ါ ဖြစ်ပွားကြသောအခါတွင် သာမန် လက်နက်များကိုသာ အသုံးပြုကြသည်။ ထိုအခါက စစ်ကိရိယာများကို ရုပ်ဖျက်၍ အယောင်ဆောင်ရန် များစွာ မလိုလှသဖြင့် ထိုကိရိယာများကို မသိမသာရုံလောက်သာလျှင် ရုပ်ဖျက်ခဲ့ကြလေသည်။ သို့သော ် ခရစ် ၁၉၁၄-၁၈ ခုနှစ်အတွင်း၌ ဖြစ်ပွားသည့် ပထမ ကမ္ဘာစစ် ပွဲမှစ၍ ထက်မြက် ပြင်းထန်သော လက်နက်ထူး လက်နက်ဆန်းများ ပေါ်ပေါက်လာခဲ့သည့် အလျောက် စစ်သုံးကိရိယာများကို ရုပ်ဖျက် အယောင်ဆောင် ပေးရန်မှာ တဖြည်းဖြည်း အရေးကြီးလာတော့၏။

စစ်တိုက်ခိုက်ရာတွင် လေယာဉ်ပျံများကို ကင်းထောက်ရန် ပထမလွှတ်တတ်ကြသဖြင့် ဗုံးကျင်းများ၊ ခံတပ်များနှင့် အခြား အရေးကြီးသည့်စစ်ပစ္စည်းများကို ရုပ်ဖျက်ကာ အယောင်ဆောင် ထားရလေသည်။ ထိုကဲ့သို့ ရုပ်ဖျက် အယောင်ဆောင်မထားပါမူ ကင်းထောက်လေယာဉ်ပျံများက မည့်သည့်နေရာ၌ မည်သည့် စစ်မက် ကိရိယာများထားသည်ကို သေချာတိကျစွာ သိရှိ သွားမည်ဖြစ်လေသည်။ ယင်းသို့ သိရှိသွားပါက ထိုစစ်သုံး ပစ္စည်းများကို အလွယ်တကူနှင့် လာရောက်ဖျက်ဆီးပစ်နိုင်ကြ ပေလိမ့်မည်။ ရုပ်ဖျက် အယောင်ဆောင်ရာတွင် ထိုသို့ ရုပ်ဖျက် အယောင်ဆောင်လိုသည့် ပစ္စည်းများပေါ်တွင် သစ်ကိုင်းများ အုပ်ဆိုင်းထားလေ့ ရှိကြသည်။ တစ်ခါတစ်ရံတွင် ရွက်ထည် ကြီးများကို ထိုပစ္စည်းများပေါ်တွင် အုပ်ထားပြီးလျှင် ရွက်ထည် ပေါ်တွင် ကျောက်ဆောင်ပုံကို ရေးဆွဲထားလေ့ ရှိကြသဖြင့် ကင်းထောက်လေယာဉ်ပျံမှ ထိုပစ္စည်းကို ကျောက်ဆောင်ကြီး ဖြစ်တန်ရာသည်ဟု အထင်အမြင်လွဲမည် ဖြစ်တော့၏။ တစ်ခါ တစ်ရံ ခံတပ်တုများနှင့် အခြား အရေးကြီးသည့် စစ်သုံး ကိရိယာများကို အတုပြုလုပ်၍ ထားကြရလေသည်။ သို့မှ သာလျှင် စစ်သုံးကိရိယာအစစ်များနှင့် ဝေခွဲမရနိုင်ပဲ ရှိနေမည် ဖြစ်လေသည်။

ထိုစစ်သုံးပစ္စည်းများကို ရုပ်ဖျက် အယောင်ဆောင်ရာတွင် ဆေးရောင်များဖြင့် အကွက်များ၊ သို့မဟုတ် အစင်းကြီးများကို မညီမညာ ကွေ့ကွေ့ကောက်ကောက် ရေးဆွဲထားလေ့ရှိကြသည်။ စစ်သဘေ‡ာကြီးများကို ထိုကဲ့သို့ ရေးဆွဲထားသဖြင့် ရန်သူ များက ထိုသဘေ‡ာကြီးကို မည်သည့်ဘက်သည် ဦးပိုင်းဖြစ်၍ မည်သည့်ဘက်သည် ပဲ့ပိုင်းဖြစ်ကြောင်းကို ပြောနိုင်ရန် ခဲယဉ်း ပေလိမ့်မည်။ ဤမျှမကသေး သဘေ‡ာကြီးသည် မည့်သည့်ဘက် သို့ သွားနေ၍ မည်သည့် အမျိုးအစားဖြစ်သည်ဟု အဝေးမှနေ၍ ပြောနိုင်မည် မဟုတ်တော့ချေ။ ထိုပြင် ထိုကဲ့သို့ မညီမညာ ဆေးချယ်ပြီး ရုပ်ဖျက်အယောင်ဆောင်ထားသဖြင့် ထိုသဘေ‡ာ ကြီးသည် စစ်သဘေ‡ာကြီးပင်လော၊ သို့မဟုတ် လူနာတင် သဘေ‡ာကြီးပင်လောဟု ပြောနိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။

ဗုံးကြဲလေယာဉ်ပျံများနှင့် တိုက်လေယာဉ်ပျံများကိုလည်း ရုပ်ဖျက် အယောင်ဆောင်ထားလေ့ ရှိကြ၏။ များသောအားဖြင့် လေယာဉ်ပျံများ၏ အောက်ပိုင်းကို အမည်းရောင်သုတ်လေ့ရှိကြ ပြီးလျှင် အပေါ်ပိုင်းများကို အညိုနှင့် အစိမ်းရောင် မညီညာ သည့် အကွက်ကြီးများကို ခပ်မှိန်မှိန် ခြယ်ထားလေ့ရှိကြသည်။ သို့မှသာလျှင် ပျံနေသည့် အခါ၌ဖြစ်စေ၊ မြေပေါ်တွင် ရပ်နား နေသည့်အခါ၌ဖြစ်စေ အပေါ်မှ ကြည့်သူသည် မြေရောင်နှင့် ကွဲပြားမြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)