စာတည်းဆိုသည်မှာ စာပေများကို တည်းဖြတ်သူကို ခေါ်ဆိုသည်။ အင်္ဂလိပ်ဘာသာဖြင့် အယ်ဒီတာဟု ခေါ်ဆိုသည်။ အယ်ဒီတာဆိုသော ဝေါဟာရကို အင်္ဂလိပ်ဘာသာစကားမှ တိုက်ရိုက်မွေးစားထားခြင်းဖြစ်သည်။ အယ်ဒီတာကို မြန်မာဘာသာစကားဖြင့် စာတည်းဟု ခေါ်ဆိုသည်။ စာတည်းဆိုသော အသုံးအနှုန်းထက် အယ်ဒီတာဆိုသော အသုံးအနှုန်းကိုသာ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သည်။ အယ်ဒီတာဆိုသည်မှာ စာမူများ၊ သတင်းများ၊ သတင်းဓာတ်ပုံများနှင့် ပုံမနှိပ်မီ လိုအပ်သောအချက်အလက်များကို တည်းဖြတ်သောသူကို ဆိုလိုသည်။