အယ်ဖြူ (၁၉၇၂ မေ ၆ − ၂၀၀၄ မေ ၂၇) သည် မြန်မာနိုင်ငံသား ဂစ်တာသမား၊ တေးရေး၊ တေးဆို ဂီတအနုပညာရှင်တစ်ဦး ဖြစ်သည်။ အထူးသဖြင့် ပုရွက်ဆိတ်ကလေးများ (The Ants) မြန်မာအော်တာနစ်တေ့ဗ်ဂီတဝိုင်းရဲ့ တေးရေး၊ တေးဆို၊ ဘေ့စ်ဂစ်တာသမား အဖြစ် လူသိများသည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဦးထွန်းပေါ်၊ ဒေါ်တင်မေ တို့မှ ၁၉၇၂ ခု၊ မေလ ၆ ရက်တွင် တောင်ကြီး၌ မွေးသည်။ မောင်နှမ (၈) ယောက်အနက် (၇) ယောက်မြောက် ဖြစ်ပြီး အမည်ရင်းမှာ နိုင်အောင်ထွန်း တွင်သည်။ အစ်ကိုအကြီးဆုံး ဖြစ်သူမှာ တေးရေး စိုးနိုင်ထွန်း ဖြစ်သည်။[၁]

အထက်တန်းကို အထက (၆) တောင်ကြီး မှ အောင်မြင်သည်။ ဘောဂဗေဒကို ဒုတိယနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ တက်ခဲ့သည်။

ဂီတလှုပ်ရှားမှု ပြင်ဆင်ရန်

၁၉၉၀ ပြည့်တွင် မာကျူရီ တီးဝိုင်းဖွဲ့ကာ လိဒ်ဂစ်တာ တီးသည်။ ၁၉၉၂ ခု၌ ဘေ့ဂစ်တာ ပြောင်းတီးသည်။

၁၉၉၆ The Ants တွင် ပါဝင်သည်။

ရေးသားသော သီချင်းများ ပြင်ဆင်ရန်

ခေါင်းစဉ် ရေးသားနှစ် ဆိုသူ မှတ်ချက်
အသည်းကွဲရေဒီယို
အိပ်မက်မြစ်
ခြောက်ခမ်းသွားသော အိပ်မက်မြစ် ဇော်ဝင်းထွဋ်
မင်းမရှိရင် မဖြစ်လို့
အသည်းကွဲညနေခင်းများ မောင်မောင်ဇော်လတ် နှင့် တွဲ၍
သက်တမ်းမဲ့
နှုတ်ဆက်ပါတယ် ဖြိုးကြီး
နေဝင်ချိန် ဘိုဖြူ

သီဆိုသော သီချင်းများ ပြင်ဆင်ရန်

ခေါင်းစဉ် ရေးသားနှစ် ရေးသူ မှတ်ချက်
နောက်ဆုံး
မီးရထား
မသေချာတော့ဘူး
အိပ်မက်ထဲက ရထားကြီး ထူးအိမ်သင် ထူးအိမ်သင်၊ အောင်ရင် တို့နှင့် တွဲ၍
ငို
အိပ်မက်ထဲ ရေး/ဆို
စတုတ္ထအိပ်မက်
ကြယ်စင်လေးအတွက်
လရောင်ငတ်သောည
နောက်ကျတဲ့အကြောင်း

မိသားစုဘဝ ပြင်ဆင်ရန်

၁၉၉၅ ခုတွင် အိမ်ထောင်ပြုသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၀၄ ခု မေလ ၂၇ ရက်တွင် ဗဟိုရ်စည်ဆေးရုံ၌ ကွယ်လွန်သည်။

  1. Mandalay FM’s interview with singer Ko Aung in February 2019.