အယ်လက်ဇန္ဒာဘုရင်များ (ရုရှ)

၁၉ ရာစုနှစ်အတွင်းက ရုရှနိုင်ငံကို အယ်လက်ဇန္ဒာဘွဲ့ခံ ဇာဘုရင်သုံးပါးအုပ်စိုးခဲ့သည်။

ပထမအယ်လက်ဇန္ဒာဇာဘုရင်(ခရစ် ၁၇၇၇-၁၈၂၅) ပြင်ဆင်ရန်

ပထမ အယ်လက်ဇန္ဒာဇာဘုရင်သည် ပထမပေါဘုရင်၏သားတော်ဖြစ်၍ ၁၇၇၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စိန်ပီတာစဗတ်မြို့ (ယခု လီနင်ဂရက်မြို့) ၌ ဖွားမြင်သည်။ ၁၈ဝ၁ ခုနှစ်တွင် ရုရှထီးနန်းကို ဆက်ခံအုပ်စိုးစံသည်။ အယ်လက်ဇန္ဒာဘုရင် အုပ်စိုးသည့် အချိန်အခါတွင် ပြင်သစ်ဧကရာဇ် နပိုလီယန်သည် ဥရောပတိုက်၌ စစ်ခင်း၍ နယ်ချဲ့လျက်ရှိလေသည်။ ထို့ကြောင့် ၁၈ဝ၅ ခုနှစ်တွင် ပြင်သစ်ရန်စွယ်ကို ချိုးနှိမ်ရန်အတွက် ရုရှ နိုင်ငံသည် ဗြိတိန်၊ ဩစတြီးယား၊ ပရပ်ရှားနိုင်ငံတို့နှင့် ပူးပေါင်းခဲ့သည်။ သို့ရာတွင် ဩစတာလစ်တိုက်ပွဲ၌ ဩစတြီး ယန်းနှင့်ရုရှတပ်တို့သည် ပြင်သစ်တပ်များ၏ တိုက်ခိုက်ချေမှုန်း ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ၁၈ဝ၇ ခုနှစ်တွင် အယ်လက် ဇန္ဒာဘုရင်နှင့် နပိုလီယန်တို့သည် ငြိမ်းချမ်းရေးစာချုပ်ကို တီးလစစ်မြို့၌ ချုပ်ဆိုခဲ့ကြလေသည်။ ထိုစာချုပ်အရ နပိုလီယန် က ကမ္ဘာ့အနောက်ပိုင်းကိုအုပ်စိုး၍ အယ်လက်ဇန္ဒာက အရှေ့ ပိုင်းကိုအုပ်စိုးရန် သဘောတူညီကြသည်။ သို့သော်လည်း အယ်လက်ဇန္ဒာသည် စာချုပ်တွင်ပါရှိသော အချက်အားလုံး တို့ကို မလိုက်နာနိုင်သဖြင့် ပြင်သစ်က အဆက်ဖြတ်ခဲ့သည်။ ထို့ကြောင့် နပိုလီယန်သည် ၁၈၁၂ ခုနှစ်တွင် ရုရှနိုင်ငံသို့ စစ်ချီလေသည်။ ပြင်သစ်တပ်များသည် မော်စကိုမြို့တွင်းသို့ ရောက်ရှိကြသော်လည်း ရိက္ခာပြတ်လပ်ခြင်း၊ ရုရှဆောင်းရာသီ ပြင်းထန်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ထိုအချိန် မှစ၍ နပိုလီယန်၏ အာဏာတန်ခိုး ည|ိုးကျလာလေသည်။

အယ်လက်ဇန္ဒာဘုရင်သည် နန်းသက်အစအဦးပိုင်းတွင် ပညာရေး၊ အနုပညာနှင့် စာပေအရေးတို့ကို အားပေးခဲ့သည်။ လူတန်းစားအသီးသီးတို့အတွက်အခွင့်အရေးညီမျှအောင် မြေကျွန် စနစ်ကို ပယ်ဖျက်သည်။ အယူဝါဒရေး၌လည်း လွတ်လပ်ခွင့် ပေးသည်။ သို့ရာတွင် နောက်ပိုင်း၌ ရုရှနှင့် မဟာမိတ်နိုင်ငံ တစ်ခုဖြစ်သော ဩစတြီးယားမှ နိုင်ငံခေါင်းဆောင် မင်းသား မက်တားနစ်၏ ဩဇာခံဖြစ်လာ၍ တိုင်းသူပြည်သားတို့အား ပေးထားသောအခွင့်အရေးရှိသမျှကို ပြန်လည်ရုပ်သိမ်းခဲ့လေ သည်။ ၁၈၂၅ ခု ဒီဇင်ဘာ လ ၁ ရက်နေ့တွင် အနိစ္စရောက် သည်။

ဒုတိယအယ်လက်ဇန္ဒာဇာဘုရင်(ခရစ် ၁၈၁၈·၁၈၈၁) ပြင်ဆင်ရန်

ဒုတိယ အယ်လက်ဇန္ဒာ ဇာဘုရင်သည် ပထမနစ်ကလတ်ဘုရင်၏ သားတော်ဖြစ်၍ ၁၈၁၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဖွားမြင်သည်။ ခမည်းတော် ကွယ်လွန်သဖြင့် ၁၈၅၅ ခု မတ်လ ၂ ရက်နေ့တွင် ထီးနန်းဆက်ခံသည်။ အယ်လက်ဇန္ဒာ ဇာဘုရင် နန်းတက်ချိန်တွင် ကရိုင်းမီးယားစစ်ပွဲ ဖြစ်ပွားလျက်ရှိသည်။ နစ်ကလတ်ဇာ ဘုရင်များ

၁၈၆၁ ခုနှစ်တွင် ဇာဘုရင်သည် ရုရှနိုင်ငံရှိမြေကျွန် များကို လွတ်လပ်ခွင့်ပေးသော အမိန့်တော် ပြန်တမ်းကိုထုတ်၍ လယ်လုပ်သူအား လယ်ပိုင်ဆိုင်ခွင့်ပြုခဲ့သည်။ သို့ရာတွင် သူ၏ ဦးရီးတော် ပထမ အယ်လက်ဇန္ဒာဘုရင်ကဲ့သို့ မိမိ၏လိုက်လျော မှုကြောင့် တိုင်းပြည်ကိုအအုပ်အထိန်းရ ခက်လာမည်ဟု စိုးရိမ် သဖြင့် အာဏာရှင်သဖွယ်ပြန်လည်၍ အုပ်စိုးလေသည်။ ထို အခါပြည်သူအများတို့သည် ဇာဘုရင်၏ အုပ်ချုပ်ရေးကို မနှစ်သက်သဖြင့် လျှို့ဝှက်အသင်းများဖွဲ့၍ ဘုရင်ကိုတော်လှန်ရန် ကြံစည်ခဲ့ကြသည်။ နောက်ဆုံး ၁၈၈၁ ခု မတ်လ ၁၃ ရက်နေ့ တွင် တော်လှန်ရေးသမားတို့၏ လက်ချက်ဖြင့် ကွယ်လွန်လေ သည်။

တတိယအယ်လက်ဇန္ဒာဇာဘုရင်(ခရစ်၁၈၄၅-၁၈၉၄) ပြင်ဆင်ရန်

တတိယ အယ်လက်ဇန္ဒာ ဇာဘုရင်သည် ဒုတိယ အယ်လက်ဇန္ဒာဇာဘုရင် ၏ သားတော်ဖြစ်၍ ၁၈၄၅ ခုမတ်လ ၁ဝ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏နောင်တော် နစ်ကလတ်သည် ၁၈၆၅ ခုနှစ် တွင် ကွယ်လွန်သဖြင့် ခမည်းတော်လုပ်ကြံခြင်းခံရသော ၁၈၈၁ ခုနှစ်၌ ဇာဘုရင်အရိုက်အရာကို ဆက်ခံသည်။ ၁၈၆၆ ခုနှစ် တွင် ဒိန်းမတ်ဘုရင် နဝမခရစ်စတီယန်၏သမီးတော် ဒဂ္ဂမာ နှင့် ထိမ်းမြားလက်ထပ်သည်။


အယ်လက်ဇန္ဒာဇာဘုရင်လက်ထက်တွင် ယဟူဒီလူမျိုး များကိုနှိပ်ကွပ်၍ လက်အောက်ခံလူမျိုးခြားတို့အား ရုရှဘာသာ နှင့် ဓလေ့ထုံးစံများကို အတင်းအကြပ်သုံးစွဲ လိုက်နာစေသည်။ လျှို့ဝှက်အသင်းတို့ကလည်း ဘုရင်ကိုလုပ်ကြံရန် အကြိမ်များစွာ ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ကြချေ။ ၁၈၉၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရောဂါကြောင့် ဇာဘုရင်အနိစ္စ ရောက်သောအခါ သားတော် ဒုတိယ နစ်ကလတ် နန်းတက် လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)