အယ်လစ်ဂေတာ မိကျောင်း
Temporal range: Oligocene-Holocene, 37–0 Ma
အမေရိကန်အယ်လစ်ဂေတာ မိကျောင်း (အပေါ်) နှင့် တရုတ်အယ်လစ်ဂေတာ မိကျောင်း
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Crocodilia
မျိုးရင်း: Alligatoridae
မျိုးရင်းသေး: Alligatorinae
မျိုးစု: Alligator
Cuvier, 1807
အမျိုးအစား မျိုးစိတ်
Alligator mississippiensis
Daudin, 1802
မျိုးစိတ်များ

အယ်လစ်ဂေတာ မိကျောင်း သည် ခရက်ကိုဒေလိီယာ (Crocodilia) မျိုးစဉ်တွင် ပါဝင်သော မျိုးစုတစ်ခုဖြစ်သည်။ ရှင်သန်ဆဲ မျိုးစိတ် နှစ်မျိုးရှိပြီး ၎င်းတို့မှာ- အမေရိကန် အယ်လစ်ဂေတာ မိကျောင်းနှင့် သေးငယ်သော တရုတ် အယ်လစ်ဂေတာ မိကျောင်းတို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ကေမန် မိကျောင်းများ၊ ဂင်္ဂါမိကျောင်းနှင့် မိကျောင်းကြီးတို့ကို စုစည်း၍ Crocodilia မျိုးစဉ်အဖြစ် ဖွဲ့စည်းသတ်မှတ်ထားခြင်းဖြစ်သည်။

ပထမဆုံးသော အယ်လစ်ဂေတာ မိကျောင်းများသည် လွန်ခဲ့သောနှစ်ပေါင်း ၃၇ သန်းခန့်က စတင်တည်ရှိခဲ့ကြသည်။[၁] သို့သော်လည်း ပိုမိုရှေးကျသော မိကျောင်းမျိုးစိတ်များမှာမူ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

အရွယ်အစားဖော်ပြချက် ပြင်ဆင်ရန်

အရွယ်ရောက်ပြီး အမေရိကန် အယ်လစ်ဂေတာ မိကျောင်းတစ်ကောင်၏ ပျမ်းမျှအလေးချိန်မှာ ၇၉၀ ပေါင် (၃၆၀ ကီလိုဂရမ်) ခန့်ရှိပြီး ခန္ဓာကိုယ်အရှည်သည် ၁၃.၁ ပေ (၄.၀ မီတာ) ရှိသည်။ သို့ရာတွင် ၎င်းတို့သည် ၁၄ ပေ (၄.၃ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန်သည်လည်း ၉၉၀ ပေါင် (၄၅၀ ကီလိုဂရမ်) ကျော်အထိပင်ရှိနိုင်လေသည်။[၂]

လူဝီစီယားနားပြည်နယ်တွင် တွေ့ရှိခဲ့သည့် အကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားသော အယ်လစ်ဂေတာ မိကျောင်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၉.၂ ပေ (၅.၉ မီတာ) ရှိသည်ဟုသိရသည်။[၃]

တရုတ် အယ်လစ်ဂေတာ မိကျောင်းသည် အရွယ်အစား ပိုမိုသေးကြသည်။ ၆.၉ ပေ (၂.၁ မီတာ) ထက် ပိုရှည်သည်အား တွေ့ရခဲသည်။ ထို့အပြင် ၎င်းသည် အမေရိကန် မိကျောင်းထက် အလေးချိန် သိသိသာသာ နည်းပါးသည်။ တရုတ် အယ်လစ်ဂေတာ မိကျောင်းထီးများသည် ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ် (၉၉ ပေါင်) ကျော်ခဲလေသည်။[၄][၅]

မျိုးစိတ်များ ပြင်ဆင်ရန်

ရှင်သန်ဆဲ ပြင်ဆင်ရန်

ပုံ သိပ္ပံအမည် အများသုံးအမည် ဖြန့်ကျက်တွေ့ရှိရာ
  Alligator mississippiensis အမေရိကန်အယ်လစ်ဂေတာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း နှင့် မက္ကဆီကိုနိုင်ငံ
  Alligator sinensis တရုတ်အယ်လစ်ဂေတာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်း

မျိုးသုဉ်းပြီး ပြင်ဆင်ရန်

မိကျောင်းကြီးများနှင့် အယ်လစ်ဂေတာ မိကျောင်းများ၏ ကွဲပြားချက်များ ပြင်ဆင်ရန်

မိကျောင်းကြီးများနှင့် အယ်လစ်ဂေတာ မိကျောင်းများသည် ပုံစံအမျိုးမျိုးဖြင့် ကွဲပြားကြသည်။ သာဓကအားဖြင့်၊[၆]

  • မိကျောင်းကြီးများတွင် ဆား ဂလင်းများပါသောကြောင့် ရေငန်ရှိရာဒေသများတွင် နေထိုင်နိုင်ကြသည်။ အယ်လစ်ဂေတာ မိကျောင်းများမှာမူ အများအားဖြင့် ရေချိုရှိရာ ဒေသများတွင်သာ နေထိုင်နိုင်ကြသည်။
  • အယ်လစ်ဂေတာ မိကျောင်းအများစုတွင် အင်္ဂလိပ်အက္ခရာ U ကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် ကျယ်ပြန့်သော နှုတ်သီးများရှိသည်။ မိကျောင်းကြီးများ၏ နှုတ်သီးများမှာမူ ရှည်လျားကျဉ်းမြောင်းပြီး အင်္ဂလိပ်အက္ခရာ V ကဲ့သို့ပုံသဏ္ဌာန်ရှိသည်။ သို့သော် အချို့သောမိကျောင်းများကြီးများသည်လည်း ကျယ်ပြန့်သော နှုတ်သီးများ ရှိတတ်ကြသည်။
  • မိကျောင်းကြီးများသည် ပါးစပ်စေ့ထားသောအခါ မေးရိုးတွင် စတုတ္ထသွားကို တွေ့မြင်နိုင်သည်။ အယ်လစ်ဂေတာ မိကျောင်းများတွင်မူ ပါးစပ်စေ့ထားပါက ထိုသွားများကို မမြင်နိုင်ပေ။

ကိုးကား ပြင်ဆင်ရန်

  1. Alligator Daudin 1809 (Alligator)။ Paleobiology Database / Macquarie University။ 2016-03-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-06-02 တွင် ပြန်စစ်ပြီး။
  2. American Alligator and our National Parkseparks.org။ 2016-03-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-05-01 တွင် ပြန်စစ်ပြီး။
  3. Alligator mississippiensisalligatorfur.com။ 2016-03-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-05-01 တွင် ပြန်စစ်ပြီး။
  4. The oldest alligator living in captivity။ shekoos.wordpress.com (2012-02-22)။ 2013-08-07 တွင် ပြန်စစ်ပြီး။
  5. Naš Muja najstariji aligator na svetu။ b92.net (2011-09-07)။ 2012-02-08 တွင် ပြန်စစ်ပြီး။
  6. Reptiles: Crocodilian။ San Diego Zoo Global (2016)။ 2016-06-02 တွင် ပြန်စစ်ပြီး။