အယ်လ်ဘေးနီးယား ရိုးရာယုံကြည်မှုများ

(အယ်လ်ဘေးနီးယားဒဏ္ဍာရီ မှ ပြန်ညွှန်းထားသည်)

အယ်လ်ဘေးနီးယား ရိုးရာယုံကြည်မှုများ (အယ်လ်ဘေးနီးယား: besimet popullore shqiptare) တွင် အယ်လ်ဘေးနီးယားလူမျိုးတို့၏ ဇာတ်လမ်းပုံပြင်များ၊ ရာဇဝင်၊ ဒဏ္ဍာရီ၊ ဓလေ့ထုံးတမ်းများ၌ ဖော်ပြထားသော ယုံကြည်မှုများပါဝင်သည်။ အယ်လ်ဘေးနီးယား ဒဏ္ဍာရီဆိုင်ရာ အခြင်းအရာများသည် ရှေးဦး ဘော်လ်ကန်ဒေသဇာစ်မြစ်နှင့် သက်ဆိုင်၍ ဒဏ္ဍာရီအားလုံးနီးပါးသည် ရိုးရာဘာသာတရားများဖြစ်ကြသည်။[၁] အယ်လ်ဘေးနီးယား ရိုးရာယုံကြည်မှု၊ ဇာတ်လမ်းပုံပြင်များသည် ဆိုင်ရာ တသီးတသန့်ရှိသော မျိုးနွယ်စု အဖွဲ့အစည်း၊ ယဉ်ကျေးမှုတစ်ခုတွင် ရာစုနှစ်ချီ၍ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။[၂] အယ်လ်ဘေးနီးယား ရိုးရာပုံပြင်များ၊ ရာဇဝင်များကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ နှုတ်အားဖြင့်လက်ဆင့်ကမ်းခဲ့ကြပြီး အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ မြေက်မက်ဆီဒိုးနီးယား၏ အနောက်ပိုင်း စသည့်တောင်တန်းဒေသများတွင်လည်းကောင်း အီတလီရှိ အာရ်ဘာရက်ရှ်လူမျိုးများ (Arbëreshë)၊ ဂရိရှိ အားရ်ဗန်နိုက်စ်လူမျိုးများ (Arvanites) ကြားတွင် ယခုထိတိုင် ရှင်သန်လျက် ရှိသည်။[၃][၄]

အယ်လ်ဘေးနီးယားဒဏ္ဍာရီတွင် သဘာဝတရားအယူအဆ၊ အခြေခံ ဓာတ်ကြီးများ၊ ရုပ်ပိုင်းဆိုင်ရာ ဝတ္ထုများသည် သဘာဝလွန် ပုဂ္ဂိုလ်များဖြစ်သည်ဟူ၍ မှတ်ယူနိုင်သည်။ နတ်ဒေဝါများမှာ ယေဘူယျအားဖြင့် လူပိုဂ္ဂိုလ်များမဟုတ်ဘဲ လှုပ်ရှားသက်ဝင်နေသော သဘာဝတရားများအဖြစ် တင်စားခိုင်းနှိုင်းမှုများသာဖြစ်သည်။[၅][၆] အယ်လ်ဘေးနီးယား ရိုးရာယုံကြည်မှုများ၌ ကမ္ဘာမြေကြီးသည် ထူးခြားသောယုံကြည်မှုတစ်ခု၏ အရာဝတ္ထုတစ်ခုဖြစ်၍[၇][၁] ဓလေ့ထုံးတမ်းများ၊ ယစ်ပူဇော်ခြင်းများနှင့် ဘာသာရေးထုံးတမ်းဆိုင်ရာ သန့်စင်ခြင်းတို့အတွက်အသုံးပြုသော ရှင်သန်နေသော၊ အလွန်မြင့်မြတ်သော၊ စွမ်းအားဖြင့်ပြည့်စုံသော အခြေခံအရာအဖြစ် 'မီး' သည်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။[၁][၈][၉] မီးကို ရှိခိုးကန်တော့ခြင်းသည် 'မီးလင်းဖို'၊ 'နေ' (နေနတ်ဘုရား)၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဖြစ်ထွန်းမှုများကို ယုံကြည်ကိုးကွယ်ခြင်းနှင့်သက်ဆိုင်သည်။[၉][၈] ဘီဂျာ (သို့) ဘီစာ(Beja) သည် အယ်လ်ဘေးနီးယားယဉ်ကျေးမှုတွင် အခြေခံကျင့်ဝတ်တစ်ခုဖြစ်ကာ မြင့်မြတ်သည့်အရာများဟုယူဆနိုင်သော နေ၊ လ၊ ကောင်းကင်၊ ကမ္ဘာ၊ ကျောက်တုံး၊ တောင်၊ ရေ၊ မြွေ စသည်တို့၏ ကျမ်းသစ္စာများဖြင့် ဖွဲ့စည်းထားသည်။[၁၀][၁][၁၁][၈] နေနှင့်လကို ကိုးကွယ်ယုံကြည်ခြင်းသည် အယ်လ်ဘေးနီးယား ရာဇဝင်များနှင့် ရိုးရာအနုပညာများတွင် ပါဝင်သည်။[၇][၁၂][၁၃]

အယ်လ်ဘေးနီးယား ရာဇဝင်များ၊ ဒဏ္ဍာရီများကို ကုသိုလ် နှင့် အကုသိုလ် (အကောင်း အဆိုး) ကွဲပြားခြားနားခြင်းသဘောဖြင့် စီစဉ်ထားသည်။[၃][၁၄] ထိုကွဲပြားမှုကို အကျော်ကြားဆုံး ပုံဖော်တင်ဆက်ခြင်းမှာ drangue (တန်ခိုးစွမ်းအားရှိ လူတစ်ပိုင်း ပုဂ္ဂိုလ်) နှင့် မိစ္ဆာ kulshedra တို့၏ တိုက်ပွဲဖြစ်၍[၅] မိစ္ဆာသည် သေခြင်းတရား၏ ရေထု၊ မြေအောက်ကမ္ဘာ၌ ထပ်တလဲလဲဖြစ်သော သံသရာပြန်ကျော့ခြင်း၏ တင်စားခိုင်းနှိုင်းမှုဖြစ်ကာ စကြဝဠာအသစ်တဖန်ပြန်လည်မွေးဖွားခြင်းကို အောင်မြင်စေရန်ဆောင်ရွက်မှုလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း အောရာ (သို့) ဖက်တီယာတို့၏ ကံကြမ္မာ ပြုပြင်အကောင်ထည်ဖော်ခြင်းသည် စကြဝဠာနှင့် လောကဥပဒေသများကို အစီစဉ်တကျ မှန်ကန်တည့်မတ်စေရန် လုပ်ဆောင်နေလျက် ရှိသည်။[၁၅][၁၆]

အယ်လ်ဘေးနီးယား ရိုးရာဇာတ်လမ်းပုံပြင်များ၌ အများအားဖြင့် တန်ဆာဆင်အသုံးပြုမှုသည် အသွင်ပြောင်လဲခြင်းဖြစ်၍ အမျိုးသားများသည် သမင်၊ ဝံပုလွေ၊ ဇီးကွက်များအဖြစ် အသွင်ပြောင်းလဲကြကာ အမျိုးသမီးများသည် မြွေပါ၊ ဥဩငှက်၊ လိပ်များသို့ အသွင်ပြောင်းယူကြသည်။ အယ်လ်ဘေးနီးယား ရိုးရာ ကဗျာလင်္ကာများစွာ၌ သူရဲကောင်း သူချင်းများ (Kângë Kreshnikësh) ၊ ရာဇဝင်လာ သူရဲကောင်းအား ယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံထားသော အယ်လ်ဘေးနီးယား ကဗျာရှည်ပုံစံ သီချင်းများ၏ သမိုင်းကြောင်းမဟုတ်သည့် ရိုးရာသဘော အတွဲလိုက် သီချင်းများပါဝင်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

ကိုးကားအညွှန်းများ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Bonnefoy 1993, p. 253.
  2. Elsie 2001, pp. vii-viii.
  3. ၃.၀ ၃.၁ Elsie 1994, p. i.
  4. Elsie 2001b, p. ix.
  5. ၅.၀ ၅.၁ ၅.၂ Bonnefoy 1993, pp. 253–254.
  6. Skendi 1967, pp. 165–166.
  7. ၇.၀ ၇.၁ Poghirc 1987, p. 178.
  8. ၈.၀ ၈.၁ ၈.၂ Poghirc 1987, pp. 178–179.
  9. ၉.၀ ၉.၁ Tirta 2004, pp. 68–69, 135, 176–181, 249–261, 274–282, 327.
  10. Tirta 2004, pp. 42–102, 238–239, 318.
  11. Elsie 2001, pp. 35–36, 193, 244.
  12. Tirta 2004, pp. 68–82.
  13. Elsie 2001, pp. 181, 244.
  14. Poghirc 1987, p. 179.
  15. Doja 2005, pp. 449–462.
  16. Kondi 2017, p. 279.

ကိုးကားရင်းမြစ်များ ပြင်ဆင်ရန်

တမ်းပလိတ်:Ref end