အရည်ပျော်မှတ် ဆိုသည်မှာ လေထုဖိအားအောက်တွင် အရာဝတ္ထုတစ်ခု၏ အစိုင်အခဲအခြေနေမှ အရည်အခြေနေသို့ ပြောင်းလဲသွားသည့် အပူချိန်မှတ်ဖြစ်သည်။ အရည်ပျော်မှတ်တွင် အစိုင်အခဲနှင့် အရည်သည် မျှခြေအနေအထား၌ တည်ရှိသည်။ အရာဝတ္ထုတစ်ခု၏ အရည်ပျော်မှတ်သည် ပုံမှန်အားဖြင့် စံပြုထားသော အပူချိန်နှင့် ဖိအားအောက်တွင် မူတည်သည်။ အကယ်၍ အရည်အခြေနေမှ အစိုင်အခဲအခြေနေသို့ ပြောင်းပြန် ကူးပြောင်းပါက ယင်းကို ရေခဲမှတ်မှတ် သို့မဟုတ် ပုံဆောင်ခဲကူးပြောင်းမှတ်ဟု ခေါ်ဆိုသည်။ သို့သော် အချို့သော အရာဝတ္ထုများသည် ဆူပါအေးမြသည့်စွမ်းရည်ရှိသောကြောင့် ယင်းတို့ကို ရေခဲမှတ်ဟု မမှတ်ယူပေ။ အရည်ပျော်မှတ်အား ဤသို့မှတ်ယူရာ၏။ ရေခဲ ဖြစ်တည်ခြင်းထက် အရာဝတ္ထုသည် ပျောက်ကွယ်သွားလျင် အရည်ပျော်မှတ်ဖြစ်သည်။[၁]