အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ (အင်္ဂလိပ်: Formation of Central Body for Summoning Reserve Forces servants) သည် အရန်တပ်ဖွဲ့ဥပဒေ အရ ပေါ်ပေါက်လာသော ဗဟို အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်။ ဗဟိုအဖွဲ့ ကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ယူသည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ဗဟိုအဖွဲ့ အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၆ ဖေဖော်ဝါရီ ၂၀၂၄ |
ဌာနချုပ် | နေပြည်တော် |
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သော [၁] စစ်မှုထမ်းဟောင်းများအား ပြန်လည် ခေါ်ယူနိုင်မည့် အရန်တပ်ဖွဲ့ ဥပဒေ အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် [၂]က စပြီး အသက်ဝင်အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကြေညာပြီးနောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သည်။[၃]ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဗဟိုအဖွဲ့ အား ဖွဲ့စည်းသည်။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ တွင် အဖွဲ့ဝင် (၁၃ ) ဦး ပါသည်။
ရည်ရွယ်ချက်
ပြင်ဆင်ရန်အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်သည့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အွဲ့ဝင် များမှာ အောက်ပါအတိုင်းဖြစ်သည်။[၄]
စဉ် | ရာထူး | တာဝန် |
---|---|---|
၁ | ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
ဥက္ကဋ္ဌ |
၂ | ဥက္ကဋ္ဌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ |
ဒုတိယဥက္ကဋ္ဌ(၁) |
၃ | စစ်ရေးချုပ် စစ်ရေးချုပ်ရုံး |
ဒုတိယဥက္ကဋ္ဌ(၂) |
၄ | စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အဖွဲ့ဝင် |
၅ | စစ်ဦးစီးအရာရှိချုပ်(ရေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) |
အဖွဲ့ဝင် |
၆ | စစ်ဦးစီးအရာရှိချုပ်(လေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) |
အဖွဲ့ဝင် |
၇ | တွဲဖက်စစ်ရေးချုပ် စစ်ရေးချုပ်ရုံး |
အဖွဲ့ဝင် |
၈ | တွဲဖက်စစ်ထောက်ချုပ် စစ်ထောက်ချုပ်ရုံး |
အဖွဲ့ဝင် |
၉ | ဒုတိယစစ်ရာထူးခန့်ချုပ် စစ်ရာထူးခန့်ချုပ်ရုံး |
အဖွဲ့ဝင် |
၁၀ | တွဲဖက်စစ်ဥပဒေချုပ် စစ်ဥပဒေချုပ်ရုံး |
အဖွဲ့ဝင် |
၁၁ | ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး |
အဖွဲ့ဝင် |
၁၂ | ညွှန်ကြားရေးမှူး တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး |
အတွင်းရေးမှူး |
၁၃ | ဒုတိယညွှန်ကြားရေးမှူး တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး |
တွဲဖက်အတွင်းရေးမှူး |
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်- အရန်တပ်ဖွဲ့ဥပဒေ
- မြန်မာဥပဒေသတင်းအချက်အလက်ရှိ အရန်တပ်ဖွဲ့ဥပဒေ[လင့်ခ်သေ]
- မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ
- ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့
- ဥပဒေအရ စစ်မှုထမ်းခြင်း
ကိုးကား
ပြင်ဆင်ရန်- ↑ စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဋ္ဌာန်း။ RFA Burmese (၁၃ နိုဝင်ဘာ ၂၀၁၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အရန်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီအတည်ပြု။ BBC Burmese (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ အရန်တပ်ဖွဲ့ဥပဒေ စတင် အသက်ဝင်။ DVB (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း။ CINCDS Myanmar (၁၆ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။