အရရှိယာမဝါးတော
ကိုဩဒိနိတ်: 35°00′34″N 135°40′00″E / 35.009465°N 135.666772°E
အရရှိယာမဝါးတော (အခြားအခေါ်အဝေါ်များ - ဝါးတော၊ ဆဂနိုဝါးတော) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အရရှိယာမတွင် တည်ရှိသည့် သဘာဝဝါးတောတစ်ခု ဖြစ်သည်။ ဤဝါးတောတွင် မိုးဆိုးဝါးများသည် အများဆုံး ဖြစ်ကြသည်။ လည်ပတ်ကြသူများနှင့် ခရီးသွားများသည် များစွားသောလျှောက်လမ်းများတွင် လှည့်လည်ကြည့်ရှုလည်ပတ်နိုင်ကြသည်။ ၂၀၁၅ ခုနှစ်မတိုင်မီအထိ ဤဝါးတောသို့ ဝင်ရောက်ရန် ဝင်ကြေးပေးရသည်။ ဤဝါးတောသည် တန်းရူးဂျိနှင့် အနီးအနားတွင် တည်ရှိသည်။[၁][၂]
တည်နေရာ
ပြင်ဆင်ရန်ဝါးတောသည် ကျိုတိုမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ အနီးအနားတွင် တန်းရူးဂျိကျောင်းတော်လည်း တည်ရှိသည်။ ဧရိယာ ၁၆ စတုရန်းကီလိုမီတာ (၆.၂ စတုရန်းမိုင်) ရှိသည်။ ကမ္ဘာပေါ်ရှိ အပူအအေးသင့်တင့်မျှတသည့်နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။[၃]
ရာသီဥတု
ပြင်ဆင်ရန်ဝါးတောတည်ရှိရာနေရာသည် ကြိုတင်ခန့်မှန်းရန်မလွယ်သည့်ရာသီဥတုရှိပြီး အေးမြကာ နေရောင်ခြည် တောက်ပသည်။ နွေရာသီတွင် ပူ၍ တိမ်ထူလေ့ရှိသည်။ ဆောင်းရာသီတွင် အေးမြပြီး လေတိုက်ခတ်ကာ တိမ်ထူလေ့ရှိသည်။ တစ်နှစ်ပတ်လုံး စိုစွတ်နေသည့် ရာသီဥတုမျိုး ရှိသည်။ အပူချိန်သည် 32 °F (0 °C) မှ 89 °F (32 °C) အထိ အပြောင်းအလဲ ရှိသည်။ နွေရာသီသည် ၂ လကြာမြင့်ပြီး ဇွန်လမှ စက်တင်ဘာလအလယ်မတိုင်မီ ဖြစ်သည်။ နွေရာသီ၏ ပျှမ်းမျှအပူချိန်သည် 80 °F (27 °C) အကျော် ဖြစ်သည်။ ဆောင်းရာသီသည် ၃ လကြာမြင့်ကာ ဒီဇင်ဘာလအစောပိုင်းမှ မတ်လအလယ်ပိုင်းအထိ ဖြစ်ပြီး နေ့စဉ်ပျှမ်းမျှအပူချိန်သည် 53 °F (12 °C) အောက် ဖြစ်သည်။[၄]
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Cripps၊ Karla။ "Sagano Bamboo Forest -- a most enchanting grove"၊ CNN၊ 6 April 2018။ 29 July 2018 တွင် ပြန်စစ်ပြီး။
- ↑ Sim၊ Walter။ "Bamboo trees in Kyoto's iconic Arashiyama forest defaced by tourists"၊ 17 May 2018။ 29 July 2018 တွင် ပြန်စစ်ပြီး။
- ↑ Where is Arashiyama, Kyoto, Japan on Map Lat Long Coordinates။ 2021-08-12 တွင် ပြန်စစ်ပြီး။
- ↑ Chibber၊ Kabir (2020-11-14)။ Sagano Bamboo Forest Climate (in en-US)။ 2020-12-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-01-21 တွင် ပြန်စစ်ပြီး။