(၄)သုတ် ရှိပါသည်။

[၁] ကိလေသာတို့မှ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ဗောဇ္ဈင် ၇-ပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ ပွားများအပ်ကုန်သည်ရှိသော် ပြုလုပ် ပွားများသူကို ကောင်းစွာဆင်းရဲကုန်ခြင်းငှာ ထုတ်ဆောင်ကုန်၏ဟု ဟောတော်မူသည့်သုတ်။


[၂] သတိပဋ္ဌာန်လေးပါးကို အထက်သုတ်အတိုင်း ဟောတော်မူသည့်သုတ်။


[၃] ဣဒ္ဓိပါဒ်လေးပါးကို အထက်သုတ်အတိုင်း ဟောတော်မူသည့်သုတ်။


[၄] သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာနဟူသော တရား ၇-ပါးကို ဖျက်ဆီးပြီးသူသည် ထိုတရားတို့ကို ဖျက်ဆီးတတ်သောကြောင့် အရိယ-မည်၏ဟု ဟောတော်မူသည့်သုတ်။ [၅]


အရိယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် အရိယမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၆]

အရိယသုတ် ပြင်ဆင်ရန်

ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် အရိယ မည်၏။ [၆]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ဖျက်ဆီးတတ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖျက်ဆီးတတ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို ဖျက်ဆီးတတ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို ဖျက်ဆီးတတ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို ဖျက်ဆီးတတ်၏။
  • တွေဝေမှု ‘မောဟ’ ကို ဖျက်ဆီးတတ်၏။
  • ထောင်လွှာမှု ‘မာန’ ကို ဖျက်ဆီးတတ်၏။ [၆]

ရဟန်းတို့ ဤဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် အရိယ မည်၏ ဟု(မိန့်တော်မူ၏)။[၆]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၇၄။ သံ၊မြန်၊၃၊၇၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၃-ဥဒါယီဝဂ္ဂ၊ နဝမသုတ်။
  2. -သံ၊၃၊၁၄၄။ သံ၊မြန်၊၃၊၁၅၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာဠန္ဒဝဂ္ဂ၊ သတ္တမသုတ်။
  3. -သံ၊၃၊၂၂၂။ သံ၊မြန်၊၃၊၂၂၄-၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၁-စာပါလဝဂ္ဂ၊ တတိယသုတ်။
  4. -အံ၊၂၊၅၀၉။ အံ၊မြန်၊၂၊၆၃၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၉-သမဏဝဂ္ဂ၊ သတ္တမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၇-အရိယသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။