အရေပြားလေးဘက်နာရောဂါ

တိုက်ခိုက်

Systemic lupus erythematosus (SLE) သို့မဟုတ် အရပ်အခေါ် lupus ကိုမြန်မာဘာသာဖြင့် အရေပြားလေးဘက်နာရောဂါဟု ခေါ်သည်။ အရေပြားလေးဘက်နာရောဂါသည် ခန္ဓာကိုယ်တွင်း အလိုအလျောက် ကိုယ်ခံအား (immune)ကိုထုတ်ပေးသောရောဂါတစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများရှိကျန်းမာသော တစ်ရှုးများအား ကိုယ်ခံအားစနစ်ကမှားယွင်းစွာ တိုက်ခိုင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကုန်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမှာ အနုစားမှ အရင့်စားထိ ကွဲပြားမှုရှိသည်။ အဖြစ်များဆုံးသော ရောဂါလက္ခဏာများတွင် အဆစ်အမြစ်များ နာကျင်ဖောယောင်ခြင်း၊ အဖျားရှိခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်တွင်း အနာများပေါက်ခြင်း၊ ပါးချိတ်ယောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မျက်နှာပေါ်တွင် အရေပြားယားယံနီမြန်းခြင်းတို့ ပါဝင်သည်။

အရေပြားလေးဘက်နာရောဂါ
ငရုတ်သီး တွင်တွေ့ရသော "လိပ်ပြာအဖုအပိန့်များ" ရှိသောအမျိုးသမီးငယ်
အသံထွက်
အထူးပြုဒူလာ

အရေပြားလေးဘက်နာရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုမူ ထင်ရှားရှင်းလင်းစွာ မသိကြရသေးပေ။ ဟိုမုန်း၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇများကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ အမွှာများတွင် တစ်ယောက်က အရေပြေားလေးဘက်နာရောဂါဖြစ်လျှင် အခြားတစ်ယောက်ပါ ၂၄ % ဖြစ်နိုင်ချေ ရှိသည်။ အမျိုးသမီးဟိုမုန်း၊ နေရောင်၊ ဆေးလိပ်သောက်ခြင်း၊ ဗီတာမင်ဒီ ချို့တဲ့ခြင်းနှင့် ကူးစက်ပိုးများဝင်ခြင်းကလည်း ရောဂါဖြစ်နိုင်စွမ်းကို ပိုတိုးမြင့်စေနိုင်သည်ဟု ယူဆကြသည်။ ရောဂါရှာဖွေခြင်းမှာ မလွယ်ကူပေ။ ရောဂါလက္ခဏာများနှင့် ဓာတ်ခွဲခန်းအဖြေများပေါင်းစပ်ကာ ရောဂါကို အမည်တပ်ရပေသည်။

အရေပြားလေးဘက်နာရောဂါကု ကုသရန် ဆေးမရှိပေ။ ခုခံအားကို လျော့စေသော၊ ထိန်းချုပ်သော ဆေးဝါးများဖြင့် ကုသနည်းများသာ ခန္ဓာကိုယ်တွင်း ခုခံအားတိုးမြင့်ခြင်းကို လျော့စေပြီး ရောဂါကို တိုးမလာအောင် ထိန်းထားနိုင်ပေသည်။ အရေပြားလေးဘက်နာရောဂါ ရှိသူများ၏ သက်တမ်းမှာ သာမန်ထက် တိုပါသည်။ သွေးလေးဘက်နာရောဂါသည် နှလုံးရောဂါဖြစ်နိုင်စေခြင်းကို မြင့်မားစေပြီး လူနာမှာ နှလုံးရောဂါဖြင့် ကွယ်လွန်တတ်ပေသည်။ ခေတ်မီကုထုံးများဖြင့် ကုသခြင်းဖြင့် လူနာ ၈၀ % မှာ သက်တမ်း ၁၅ နှစ်ကျော်ကြာ နေထိုင်နိုင်လာပြီ ဖြစ်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားမှုနှုန်း ၉ ဆ ရှိသည်။ တိုးတက်ဆဲနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှုန်းကို သေချာစွာ မသိရသေးပေ။ Lupus သည် လက်တင်ဘာသာစကားဖြစ်ပြီး ဝံပုလွေဟု အဓိပ္ပာယ်ရသည်။ ၁၈ ရာစုခန့်က လူများက သွေးအရေပြားရောဂါကို ဝံပုလွေ ကိုက်ခံရ၍ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ရောဂါလက္ခဏာများ ပြင်ဆင်ရန်

သွေးအရေပြားရောဂါ၏ လက္ခဏာများမှာ ဖျားနာခြင်းနှင့် ရောထွေးတတ်ပေသည်။ ရောဂါလက္ခဏာများမှာ များပြားသောကြောင့် ရောဂါကို ခန့်မှန်းရန် မလွယ်ကူပေ။ အချို့လူနာများမှာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရောဂါလက္ခဏာကို မှန်းဆနိုင်ခြင်းမရှိနိုင်အောင် ရောဂါလက္ခဏာများမှာ ရှုပ်ထွေးပေသည်။ များသောအားဖြင့် နာဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းများကို ရောဂါလက္ခဏာများအဖြစ်တွေ့ရတတ်သည်။ ထိုလက္ခဏာများမှာ အခြားရောဂါလက္ခဏာများနှင့် ဆက်နွယ်မှုရှိနေခြင်းကြောင့် အရေပြားလေးဘက်နာရောဂါ၏ ရောဂါခန့်မှန်းခြင်းတွင် မပါဝင်ခြင်းကြောင့် ရှုပ်ထွေးရခြင်းဖြစ်သည်။ ယောက်ျားရော၊ မိန်းမမှာပါ သွေးအရေပြားရောဂါဖြစ်ပွားမှုရှိသော်လည်း ရောဂါလက္ခဏာများမှာ ခြားနားမှု ရှိသည်။

အရေပြား ပြင်ဆင်ရန်

အရေပြားလေးဘက်နာရောဂါရှိသူ ၇၀ % ခန့်တွင် အရေပြားနှင့်ပတ်သက်သော ပြဿနာများ ရှိတတ်ကြသည်။ အရေပြားလေးဘက်နာရောဂါရှိသူ ၃၀% မှ ၆၀% တွင် အရေပြားယားယံ အဖုအပိန့်ထွက်ခြင်းများ ဖြစ်တတ်ကြသည်။ ဆံပင်ကျွတ်ခြင်း၊ ခံတွင်းတွင်အနာများပေါက်ခြင်း၊ အမျိုးသမီးအင်္ဂါတွင် အနာများပေါက်ခြင်းကလည်း အခြားဖြစ်နိုင်ချေရှိသော လက္ခဏာများ ဖြစ်ကြသည်။

ကြွက်သားနှင့်အရိုးများ ပြင်ဆင်ရန်

အဓီကအားဖြင့် အရိုးအဆစ်များနာကျင်ခြင်း ဖြစ်သည်။ လက်နှင့် လက်ကောက်ဝတ်အဆစ်များတွင် သက်ရောက်မှု ရှိသော်လည်း အခြားအရိုးအဆစ်များတွင်ပါ နာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်သည်။ အရေပြားလေးဘက်နာရောဂါ လူနာများ ၉၀ % မှာ ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းဖြစ်စေနိုင်သည်ဟု Lupus Foundation of America က ခန့်မှန်းပါသည်။ ငယ်ရွယ်သောအမျိုးသမီးများတွင် အရိုးပွခြင်းဖြစ်စေနိုင်သည်။

သွေး ပြင်ဆင်ရန်

သွေးအားနည်းခြင်းသည် အရေပြားလေးဘက်နာရောဂါရှိသူ ကလေးများတွင် အများဆုံးတွေ့ရသည်။