အရောင်တင်ဆီသည် တောက်ပြောင်၍ ကြည်လင်အလင်းပေါက် သည့်အပြင် မာတင်းသော မျက်နှာပြင် ကို ဖြစ်စေနိုင်သော အရည် ဖြစ်သည်။ အရောင်တင်ဆီ အမျိုးမျိုး ရှိရာတွင် အရက်ပြန်ဆီစသော အဖျော်ပစ္စည်းကို လိုက်၍လည်းကောင်း၊ ထင်းရှူးဆီ၊ ချိပ်စသော ပျော်ဝင်ပစ္စည်းကို လိုက်၍လည်းကောင်း အမည်အမျိုးမျိုး မှည့်ခေါ် တတ်ကြသည်။

အရောင်တင်ဆီလုပ်ရန် ကောင်းသောအဖျော်ပစ္စည်းနှစ်မျိုးမှာ အရက်ပြန်နှင့် လင်းဆိဆီနှင့် ဘီသွာဆီတို့ ဖြစ်ကြ၏။ သာမန် အားဖြင့် ရက်ဇင်ဟုခေါ်သော သစ်စေတစ်မျိုးမျိုးကို အရက်ပြန်၊ သို့မဟုတ် ဘီသွာဆီတွင် ပျော်ဝင်စေသောအခါ အရောင်တင်ဆီ ဖြစ်လာ၏။

အရောင်တင်ဆီ ဖော်စပ်ရာ၌ အသုံးပြုသည့် အဖျော် ပစ္စည်းမှာ အရက်ပြန် အရောင်တင်ဆီဟူ၍ လည်းကောင်း၊ အက်ဆီဘုန်းဖြစ်လျှင် အက်ဆီဘုန်း အရောင်တင်ဆီဟူ၍ လည်းကောင်း၊ တာပင်တိုင်ဆီ(တာရပင်ဆီ) ဖြစ်လျှင် တာပင်တိုင် အရောင်တင်ဆီဟူ၍လည်းကောင်း မှည့်ခေါ်လေ့ ရှိ၏။ ပျော်ဝင်ပစ္စည်းအလိုက် မှည့်ခေါ်ရာတွင် အကယ်၍ ပျော်ဝင်ပစ္စည်းသည်ကို ပယ်ဖြစ်လျှင် ကိုပယ်အရောင်တင်ဆီ ဟူ၍လည်းကောင်း၊ ချိပ်ဖြစ်လျှင် ချိပ်အရောင်တင်ဆီဟူ၍ လည်းကောင်း၊ ပယင်းဖြစ်လျှင် ပယင်းအရောင်တင်ဆီဟူ၍ လည်းကောင်း မှည့်ခေါ်လေ့ ရှိကြပြန်သည်။ ချိပ်နှင့် ပယင်းအပြင် အရောင်တင်ဆီ ဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသော ရက်ဇင်များမှာ မတ်စတစ်၊ ဆန်းဒရက်နှင့်ဒမားတို့ ဖြစ်ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)