အခြေခံအရောင် (primary color) ပြင်ဆင်ရန်

အရောင်ကို အနီ အဝါ အပြာ မှအခြေခံကာစတင်ဖြစ်ပေါ်လာသည်။ ထို့ကြောင့် အနီ အဝါ အပြာကို အခြေခံအရောင် (First color) ဟုခေါ်သည်။

ဒုတိယအရောင် ပြင်ဆင်ရန်

အခြေခံအရောင် သုံးရောင်ကိုအချိုးဆတူပေါင်းစပ်ခြင်းဖြင့်ထပ်မံထွက်ပေါ်လာသော color များကို ဒုတိယအရောင် (secondary color) ဟုခေါ်သည်။
ဥပမာ - အနီ+အဝါ =လိမ္မော်
၁ : ၁
အဝါ+အပြာ =အစိမ်း
၁ : ၁
အပြာ+အနီ =မရမ်း
၁ : ၁
ထပ်မံပြီးထွက်လာသော လိမ္မော်၊ အစိမ်း ၊ မရမ်း တို့သည် ဒုတိယအရောင်များ ဖြစ်သည်။

တတိယအရောင် ပြင်ဆင်ရန်

အခြေခံအရောင် သုံးရောင်ကိုအချိုး၂ဆ၁ဆဖြင့်ပေါင်းစပ်ပါက တတိယအရောင် (Third color) ရရှိမည်။
ဥပမာ - (၁) အနီ+အဝါ =နီလိမ္မော်
၂ : ၁
အနီနှင့်အဝါကိုဆတူပေါင်းစပ်ပါက လိမ္မော်ရပြီး အနီ၂ဆအဝါ၁ဆဖြင့်စပ်သောအခါ နီလိမ္မော် အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၂) အနီ+အဝါ =ဝါလိမ္မော်
၁ : ၂
အနီ၁ဆအဝါ၂ဆဖြင့်စပ်သောအခါ ဝါလိမ္မော် အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၃) အဝါ+အပြာ =ဝါစိမ်း
၂ : ၁
အဝါ၂ဆ အပြာ၁ဆဖြင့်စပ်သောအခါ ဝါစိမ်း အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၄) အဝါ+အပြာ =ပြာစိမ်း
၁ : ၂
အဝါ၁ဆ အပြာ၂ဆဖြင့်စပ်သောအခါ ပြာစိမ်း အရောင်ကိုရမည်ဖြစ်သည်။
ပြာစိမ်း အရောင်မှာ CMYK color mode ထဲမှ C (Cyan)၏အရောင်ဖြစ်သည်။
ဥပမာ - (၅) အပြာ+အနီ =ပြာမရမ်း
၂ : ၁
အပြာ၂ဆ အနီ၁ဆဖြင့်စပ်သောအခါ ပြာမရမ်း(ခရမ်း) အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၆) အပြာ+အနီ =နီမရမ်း
၁ : ၂
အပြာ၁ဆ အနီ၂ဆဖြင့်စပ်သောအခါ နီမရမ်းအရောင်ကိုရမည်ဖြစ်သည်။
နီမရမ်းအရောင်မှာ CMYK color mode ထဲမှ M (Megenta) ၏အရောင်ဖြစ်သည်။
Third color - နီလိမ္မော် ၊ ဝါလိမ္မော် ၊ ဝါစိမ်း ၊ ပြာစိမ်း ၊ ပြာမရမ်း ၊ နီမရမ်း
First color ၊ Secondary color ၊ Third color အားလုံးပေါင်းလျှင် အရောင်(၁၂) ရောင်ရမည်။ထိုအရောင်(၁၂) ရောင်ကို (Hue) ရောင်စဉ်များဟုခေါ်သည်။

အရောင်၏ လည့်ပတ်ပုံ (Rotate of Color) ပြင်ဆင်ရန်

အရောင်သီအိုရီမှာ အနီမှစပြီး CW(Colckwise) နာရီလက်တံအတိုင်း လှည်ပတ်သည်။
အနီ » နီလိမ္မော် » လိမ္မော် » ဝါလိမ္မော် » အဝါ » ဝါစိမ်း » အစိမ်း » ပြာစိမ်း » အပြာ » ပြာမရမ်း » မရမ်း » နီမရမ်း »

Hue Slide Bar အကြောင်း ပြင်ဆင်ရန်

Color picker box ထဲမှ color circle ကိုညာဘက်ဆုံးသို့ရွေ့ပါ။ Hue slide bar မှTraingle လေးကိုအောက်မှအပေါ်သို့ဖြည်းဖြည်းချင်းစီတက်ကြည့်ပါ။
အနီ » နီလိမ္မော် » လိမ္မော် » ဝါလိမ္မော် » အဝါ » ဝါစိမ်း » အစိမ်း » ပြာစိမ်း » အပြာ » ပြာမရမ်း » မရမ်း » နီမရမ်း » ..၎င်းအတိုင်းအစဉ်လိုက်မြင်ရမည်။
Hue slide bar သည် Color Theory၏လှည့်ပတ်ပုံအတိုင်းစီစဉ်တကျထားခြင်းဖြစ်သည်။Hue slide bar တွင် အရောင် ၁၂ရောင်သာပါသည်။

အဖြူ ၊ အနက်နှင့် မီးခိုးများ (Tone color) ပြင်ဆင်ရန်

Hue - ရောင်စဉ်
Saturation - အသွေးအနုအရင့်
Brightness - အလင်းအမှောင်
အဖြူ အနက် နှင့် မီးခိုး တို့သည် အရောင်များဟုခေါ်လို့မရပါ။၎င်းတို့အားTone color ဟုခေါ်သည်။အဖြူ နှင့် အနက် ကို Saturation ဟုခေါ်သည်။
အရောင်တစ်ခု အား saturate ပြုလုပ်ခြင်းဖြင့် ထိုအရောင်မှ အနုအရင့် ဖြစ်လာခြင်းကိုခေါ်သည်။
ဥပမာ - အနီရောင်ကို အဖြူဘက်ခြမ်းသို့ ရွေ့လျှင် ပန်းရောင် (pink) အနက်ဘက်ခြမ်းသို့ရွေ့လျှင် နီညို (deep red) ကိုရမည်ဖြစ်သည်။ ထိုနည်းဖြင့် Hue ၁၂ရောင်လုံးအား saturate ပြုလုပ်ခြင်းဖြင့်နောက်ထပ်အရောင်ပေါင်းများစွာရရှိမည်ဖြစ်သည်။

မီးခိုးရောင်များ (Brightness) ပြင်ဆင်ရန်

မီးခိုးရောင် အား Brightness ဟုခေါ်သည်။အဖြူ နှင့် အနက်ပေါင်းလျှင် မီးခိုးရမည်။အဖြူ နှင့် အနက် ကြားရှိမီးခိုး အဆင့် သတ်မှတ်ချက်မှာ ၉ဆင့်ရှိသည်။
ဥပမာ - မီးခိုး ကို အဖြူဘက်ခြမ်းသို့ ရွေ့လျှင်Silver အရောင်ရပြီး အနက်ဘက်ခြမ်းသို့ရွေ့လျှင် Gray အရောင်ကိုရမည်။
မီးခိုးမှာအလင်းအမှောင်ဖြစ်သဖြင့် မီးခိုးဘက်သို့ လာသောအရောင်များမှာမှိုင်းသည်။အရောင်များကို အနုအရင့် အလင်းအမှောင်များပြုလုပ်ပေးခြင်းဖြင့် နာမည်မသိနိုင်သောအခြား color code များစွာထွက်လာသည်။

ဆန့်ကျင်ဘက်အရောင်များ (opposite color) ပြင်ဆင်ရန်

မျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိသော အရောင်ကို opposite color ဟုခေါ်သည်။
ဥပမာ - အနီ၏မျက်နှာချင်းဆိုင်အရောင်မှာ အစိမ်းဖြစ်သဖြင့် အနီနှင့်အစိမ်းမှာ opposite color ဖြစ်သည်။
နီလိမ္မော် ဝါလိမ္မော် တို့ကဲ့သို့အရောင်များ၏ opposite color ကိုမသိပါက နာမည်ကိုပြောင်းပြန်ပြန်လုပ်ကာတွက်ကြည့်လို့ရသည်။
ဥပမာ - နီလိမ္မော် ပြောင်းပြန်တွက်ကြည့်ပါ - လိမ္မော်၏ opposite မှာ အပြာ ဖြစ်ပြီး အနီ၏ opposite မှာ အစိမ်း ဖြစ်သည်။ထို့ကြောင့် နီလိမ္မော်၏ opposite color မှာ ပြာစိမ်း ဖြစ်သည်။
အနီ - အစိမ်း အဝါ - မရမ်း
အပြာ - လိမ္မော် နီမရမ်း - ဝါစိမ်း
နီလိမ္မော် - ပြာစိမ်း ဝါလိမ္မော် - ပြာမရမ်း

မိတ်ဖက်အရောင် (Harmony Color) ပြင်ဆင်ရန်

တစ်ခုကျော် Color များသည် Harmony Color ဖြစ်သည်။
ဥပမာ - အနီရောင် ၏တစ်ခုကျော်အရောင်မှာ မရမး် နှင့် လိမ္မော် ဖြစ်သည်။ အရောင်တစ်ခုစီတွင် သူ့၏မိတ်ဖက်အရောင်မှာ နှစ်ခုစီရှိသည်။

Cool Color & Hot Color ပြင်ဆင်ရန်

Color Theoryအတွင်းရှိအရောင်၁၂ရောင်ကို ၆ရောင်စီပိုင်းခြားကာ Cool & Hot ခွဲခြားထားသည်။
အဝါမှနီမရမ်းထိ (ဘယ်ဘက်ခြမ်း) သည် Hot Color (အရောင်ပြင်း) ဖြစ်သည်။
ဝါစိမ်းမှမရမ်းထိ (ညာဘက်ခြမ်း) သည် Cool Color (အရောင်အေး) ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ပန်းချီသင်တန်းမှ