ဉာဏတ္ထဝိက
အရှင်ဉာဏတ္ထဝိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
(က) ပဒုမုတ္တရဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးမွမ်းခဲ့ဘူးသောထေရ်။ ထိုမထေရ်သည် ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးမွမ်းခဲ့သော ကောင်းမှုကြောင့် ကမ္ဘာ တသိန်းပတ်လုံး အပါယ်မလားရပဲ ဤဂေါတမဘုရားရှင်လက်ထက် ရဟန္တာတပည့် အများတွင် “ဉာဏတ္ထဝိကထေရ်” ဟူသော အမည်ဖြင့် ထင်ရှားသည်။ [၂]
(ခ) သုမေဓဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးမွမ်းခဲ့ဘူးသောထေရ်။ ထိုမထေရ်သည် ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာသုံးသောင်းထက်၌ သုမေဓဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးမွမ်းတော်မူခဲ့သည်၊ ယင်းကောင်းမှုကြောင့် ကမ္ဘာသုံးသောင်းပတ်လုံး အပါယ် မလားရပဲ သိကြားမင်းအဖြစ် အကြိမ် တထောင်, စကြဝတေးမင်းအဖြစ် အကြိမ် များစွာ, ပဒေသရာဇ်မင်းအဖြစ် အကြိမ်မရေတွက်နိုင်အောင် ဖြစ်ရပြီးလျှင် ဤဂေါတမ ဘုရားရှင်လက်ထက်၌ ၇-နှစ် အရွယ်ကပင် အရဟတ္တဖိုလ်ကိုရ၍ “ဉာဏတ္ထဝိကထေရ်”ဟူသောအမည်ဖြင့် ထင်ရှားသည်။ [၃] [၄]