တိပဒုမိယ
အရှင်တိပဒုမိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်တိပဒုမိယထေရ် သည် ဟံသာဝတီမြို့တော်တွင် ပန်းတော်ဆက် ဖြစ်၏။ တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန္တာများကို ခြံရံ၍ မြို့ပြင်သို့ ထွက်တော်မူလာ၏။ ထိုအခါ ပဒုမ္မာကြာပန်းသုံးပွင့်ကို ယူဆောင်လာသည့် ပန်းတော်ဆက် အရှင်တိပဒုမိယထေရ် နှင့် လမ်းခုလပ်တွင် တွေ့၏။ ထိုအခါ အရှင်တိပဒုမိယထေရ် သည် မြတ်စွာဘုရားအား ထိုပန်းသုံးပွင့်ကို လှူဒါန်းခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်တွင် မြတ်စွာဘုရားအား ပန်းတို့ကို ပြုခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “မိဂကေတု” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တိပဒုမိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]